03 Aug 2016

ဆံပင်ဖြောင့်တာကို မိန်းကလေးတွေသာမက ယောက်ျားလေးများပါ ဒီဘက်ခေတ်မှာ ပြုလုပ်လာကြပါတယ်။ အဲဒီလို ဆံပင်ဖြောင့်ခြင်းဟာ ဆံသားကို ပျက်စီးစေတယ်ဆိုတာကတော့ လူတိုင်းနီးပါး သိပြီး ဖြစ်မှာပါ။ ဒါ့အပြင် ဆံပင်ဖြောင့်ခြင်းဟာ ဖြောင့်နေချိန်မှာ ဂရုမစိုက်ရင် ဒီထက်ပိုပြီး ပျက်စီးစေတယ်ဆိုတာ သိတဲ့သူ နည်းပါးလှပါတယ်။

ကိုယ့်ဘာသာ အိမ်မှာဖြောင့်တာပဲ ဖြစ်ဖြစ်၊ ဆိုင်မှာ ဖြောင့်တာပဲ ဖြစ်ဖြစ် ဆံပင်ဖြောင့်နေချိန်မှာ အငွေ့တွေထွက်လာတာ၊ တရှဲရှဲအသံထွက်လာတာမျိုး ဖြစ်လာရင် ဆံပင်ဖြောင့်ခြင်းကို လုံးဝ ရပ်ပစ်လိုက်ရမှာ ဖြစ်ပါတယ်။ ဒါဟာ အရမ်းအရေးကြီးပါတယ်။ ဆံပင်ညှပ်ဆိုင်အများစုက ဒီလိုဖြစ်နေချိန်မှာတောင်မှ ဆံပင်ဖြောင့်တာကို မရပ်ပဲ ဆက်ပြီး ဖြောင့်နေတတ်ပါတယ်။ ဒါဟာ လုံးဝမလုပ်သင့်ပါဘူး။  သင်ကိုယ်တိုင် မဟုတ်ပဲ ဆိုင်မှာသွားလုပ်ရင်လည်း သူတို့ဒါမျိုး လုပ်ဆောင်တဲ့အခါ တားမြစ်ပါ။ ဆံပင်ဖြောင့်မယ်ဆိုရင် ဆံပင်ကို ရေလုံးဝခြောက်အောင် လုပ်ရပါမယ်။ ခေါင်းလျှော်ပြီး ဖြောင့်မယ်ဆိုရင် ဆံပင်လုံးဝခြောက်မှသာ ဖြောင့်ပါ။ ပြီးတဲ့နောက် ဖြောင့်စက်အပူချိန်ကိုလည်း သေချာထိန်းညှိပေးဖို့ လိုပါတယ်။ ဖြောင့်စက်က ပလိတ်ပြားတွေကိုလည်း သန့်ရှင်းအောင် အမြဲထားရပါမယ်။ ဖြောင့်စက်ကို ပလပ်တပ်ပြီးမှ သန့်ရှင်းရေးမလုပ်မိဖို့တော့ အရေးကြီးတယ်နော်။ ဒီတော့ ဆံပင်ဖြောင့်ဖို့ရှိတယ်ဆိုတာနဲ့ သင့်ဖြောင့်စက်ပလိတ်ပြားတွေကို ရေနွေး ဒါမှမဟုတ် အရက်ပြန် စတာတွေနဲ့ သန့်ရှင်းရေလုပ်ဖို့ လိုပါတယ်။ 
မလုပ်ထားရင်တော့ ဆံပင်ဖြောင့်တဲ့အခါ သင့်ဆံပင်ကို ပျက်စီးစေပါလိမ့်မယ်။

Ref:shefinds

Contact

General Inquiries

Please use this email address to contact me by email.

ceomoenaymin@mmcities.com

Connect with me