09 Oct 2016

 

မြန်မာနိုင်ရှိ အဘိဓမ္မာပြန့်ပွားရေး အသင်းကြီးမှ နှစ်စဉ် ကျင်းပလေ့ရှိသော စာပြန်ပွဲကို  ပြီးခဲ့သော စက်တင်ဘာလ၌ ၄၉ ကြိမ်မြောက် အဘိဓမ္မာ စာပြန်ပွဲကြီး ကျင်းပခဲ့သည်။ အဘိဓမ္မာ စာပြန်ပွဲဆိုသည်မှာ ဗုဒ္ဓမြတ်စွာဘုရား ဟောကြားတော်မူသော အဘိဓမ္မာကျမ်းကြီးကို အာဂုဏ်ဆောင်၍ အလွတ်ရွတ်ဆို ပြောကြား လျှောက်ထားရသော ပွဲဖြစ်သည်။ အဘိဓမ္မာဆိုသည်မှာ ထေရဗုဒ္ဓဘာသာ၏ အနှစ်ဖြစ်ပြီး ထေရဗုဒ္ဓဘာသာအကြောင်း အသေးစိတ်ရှင်းလင်းဖော်ပြထားသော ဘုရားဟောကျမ်းဟုလည်း တင်စားကြသည်။

အဘိဓမ္မာစာပြန်သူနှင့် စာစစ်သူ

အဘိဓမ္မာကျမ်းသည် အကြမ်းမျဉ်းအားဖြင့် စာအုပ်ကျမ်းပေါင်း ၁၂ အုပ်ဟူ၍ ခွဲခြမ်းမှတ်နိုင်ပြီး လွန်စွာ ခက်ခဲ၊ နက်နဲလှသော ကျမ်းကြီးဖြစ်သည်။ တော်ရုံ၊ ဇွဲ၊ လုံ့လ၀ီရိယဖြင့် စာကျက်ရန်၊ အာဂုဏ်ဆောင်ရန် မဖြစ်နိုင်ချေ။ မလျော့သောဇွဲ၊ အဘိဓမ္မာတရားချစ်မြတ်နိုးသူ ဗုဒ္ဓဘာသာဝင်များသာ လေ့လာသင်ယူကျက်မှတ် နှုတ်တိုက် အလွတ်ဆိုကြသည်။ အကြမ်းမျဉ်းအားဖြင့် အဘိဓမ္မာကျမ်းကို ၁၂ ပိုင်းခွဲထားသည်။ ပထမ ၄ ပိုင်းကို စူဠ၊ ၈ ပိုင်း အောင်လျှင် မဇ္ဇိမ၊ ၁၂ ပိုင်းအောင်လျှင် မဟာဖြစ်သည်။ ယခုနှစ်သည် ၄၉ ကြိမ်မြောက်ဖြစ်ပြီး ဖြေဆိုသူ ထောင်ကျော်အနက် အသက်ငယ်ဆုံး ၁၂နှစ် ၂ ဦးနှင့် အသက်ကြီး ၈၀ ကျော်ပါဝင်သည်။ ယမန်နှစ် ၄၈ ကြိမ်အထိ စာအောင်သူ လူပုဂ္ဂိုလ် ၅၇၄၂ ဦး၊ သီလရှင် ၃၅၄၄ ပါး၊ သံဃာ ၃၇၀၂ ပါးရှိပြီး၊ မဟာပြီးသူ လူပုဂ္ဂိုလ် ၁၀၀ ဦး၊ သီလရှင် ၂၂ ပါး ရှိသည်။ အဆိုပါ အဘိဓမ္မာအသင်းကြီးနှင့် ပတ်သက်၍ အသင်းဝင်လိုလျှင်သော်လည်းကောင်း၊ အသေးစိတ် စုံစမ်းလှူဒါန်းလိုလျှင်သော်လည်းကောင်း ဖုန်းနံပါတ် ၀၁- ၃၇၈၄၅၇ ကို ဆက်သွယ်နိုင်ပြီး ရုံးခွဲ(၁) ဆူးလေ စေတီတော်ရင်ပြင်၊ (၂) အဘိဓမ္မာပြန့်ပွားရေးအသင်းကြီး၊ ဗဟန်း (၃)လမ်း ရတနာဃရ ဗိမာန်တော်သို့ လည်းကောင်း သွားရောက်စုံစမ်းနိုင်ပါသည်။

Contact

General Inquiries

Please use this email address to contact me by email.

ceomoenaymin@mmcities.com

Connect with me