09 Oct 2016

 

ဗီတာမင် E

Kiev ဆေးတက္ကသိုလ်မှ ဆရာဝန်များ၏ လေ့လာချက်အရ Vitamin E တစ်နေ့ကို ၃၀၀ မီလီဂရမ် သောက်ခြင်းဖြင့် PU အမျိုးအစား အစာအိမ်နာကို သက်သာစေကြောင်း လူနာ ၂၈ ယောက်အား လေ့လာတွေ့ရှိသည်။ ဗီတာမင် E သောက်သံးသူများသည် အသားဓါတ်ကောင်းမွန်ပြီး အူလမ်းကြောင်းများ ပြုပြင်ရာတွင် လွန်စွာ ကောင်းမွန်သည်။

ငှက်ပျောသီး

မမှည့်သေးသော ငှက်ပျောသီးသည် အစာအိမ်နှင့် အူလမ်းကြောင်းအတွင် Mucus ခေါ် အချွဲဓါတ်ကို ပိုများစေပြီး အနာဖြစ်ခြင်းမှ ကာကွယ်သည်။ အစာအိမ်နာရောဂါများကို ကုသခြင်းအတွက် အကောင်းဆုံး နည်းလမ်းမှာ ငှက်ပျောသီး အမှုန့်ဖြစ်သည်။ ငှက်ပျောသီး အမှုန့်ပြုလုပ်ရာတွင် ငှက်ပျောသီးကို သေးသေးလေးလှီး၍ နေပူလှမ်းပါ။ (သို့) အပူပေး အခြောက်ခံပါ။ ခြောက်သွားလျှင် အမှုန့်ဖြစ်သည်အထိ ခြေပါ။ ပြီးရင် လက်ဘက်ရည်ဇွန်း ၂ဇွန်း၊ ပျားရည် ၁ ဇွန်း စီးရော၍ တစ်နေ့ ၃ ကြိမ်သောက်ပါ။

ပျားရည်

ပျားရည်တွင် ပါသော Glucose Oxidose သည် Hydrogen Peroxide ကိုထုတ်ပြီး အူရောင်စေသော Bacteria ကို သေစေသည်။

ကြက်သွန်ဖြူ

အစာအိမ်ရောဂါ အများစု၏ အဓိက တရားခံဖြစ်သော H.Pylari ဘက်တီးရီးယား ပမာဏကို ထိန်းချုပ်ပေးသည်။

အသီးအရွက်များ

ပဲအမျိုးမျိုး၊ စပျစ်သီး၊ ပန်းသီး၊ ကီဝီ၊ ဘယ်ရီသီးများ၊ Green Tea နှင့် အစိမ်းရောင်ရှိသော အရွက်အချို့သည် အစာအိမ်နာကို ကောင်းအောင် ပြုလုပ်ရာတွင် အရေးပါသည်။

Probiotics
ဒိန်ချဉ်၊ ဒိန်ခဲ၊ Miso ဟင်းရည်၊ Kimchi (ကင်ချီ) များတွင် ပါဝင်သော ကောင်းကျိုးပြု ဘက်တီးရီးယားများသည် H.pylori ကို သေစေပြီး အစာအိမ်အတွက်ကောင်းသည်။

ရှောင်ရမည့် အရာများ

ကော်ဖီ၊ Gas ပါသောအချိုရည်၊ အပူအစပ်များ၊ ငန်သော အသားများ၊ အသင့်စားနိုင်သော အစားအစာများ၊ နွားနို့၊ အရက်။

Contact

General Inquiries

Please use this email address to contact me by email.

ceomoenaymin@mmcities.com

Connect with me