16 Mar 2016

မေး ။ ။ ဆရာ့ရဲ့ ရှေ့လျှောက် Business Plan လေးတွေ သိချင်ပါတယ်ဆရာ။

ဖြေ ။ ။ မင်္ဂလာပါ ညီလေးရေ။ ကိုယ်က ၈၇ ခုနှစ်မှာ ဆရာဝန် ဘွဲ့ ရပြီးတော့ အာရှတော်ဝင်ကို ၂၀ဝ၀ မှာ စခဲ့တယ်။ အခုဆိုရင် အာရှတော်ဝင်သက်တမ်း ၁၆ နှစ်ရှိခဲ့ပါပြီ။ အာရှတော်ဝင် မဖွင့်ခင် ၁၉၈၅ ကတည်းက 
တော်ဝင်ဆေးခန်းဖွင့်ခဲ့တယ်။ အဲဒါဆိုတော့ ကိုယ် ကျန်းမာရေးစောင့် ရှောက်မှု လောကထဲမှာ ကျင်လည်ခဲ့တာ ၁၉၈၅ ကစခဲ့ပြီး အခု ၂၀၁၆ ဆိုတော့ ၃၁ နှစ်ရှိခဲ့ပြီပေါ့။ ကျင်လည်ခဲ့တော့ မီဒီယာ ပေါင်းစုံနဲ့ တွေ့ခဲ့တယ်ပေါ့လေ။ မီဒီယာ 
တော်တော်များများမှာ ကိုယ့်ရဲ့ အင်တာ ဗျူးတွေပါခဲ့တယ်။ ကိုယ်ကတော့ အခုနက ညီလေးမေးတဲ့မေးခွန်းကို သဘောကျတယ်။
အာရှတော်ဝင် အောင်မြင်တာတွေ ဘာ တွေကို ပြောမယ့်အစား ရှေ့လျှောက်ဘာ လုပ်မလဲဆိုတာပေါ့။ ကိုယ်တို့ရဲ့ ဘဝ သက်တမ်းလိုပဲ မွေးဖွားခြင်းနဲ့ သေဆုံး ခြင်းရှိသလို စီးပွားရေးလောကမှာလည်း အစအဆုံးရှိတယ်။ 
စီးပွားရေးလောက က နေထွက်ခွာခြင်းပေါ့။ ကိုယ့်အနေနဲ့ကတော့ စီးပွားရေးလောက ကနေ ပျော်ရွှင်စွာထွက် ခွာခြင်းကို သဘောကျ တယ်။
အခုန ညီလေးမေးသလို အာရှတော်ဝင်ရဲ့ ရှေ့လျှောက် Business Plan ကဘာတွေရှိလဲဆိုတော့ အခု ဘေးမှာ အာရှတော်ဝင်ရဲ့ area 3 လုပ်နေ တယ်။ area ၁ ကို ၂၀ဝ၀ ပြည့်နှစ်မှာ စလုပ်ခဲ့တယ်။ ၂၀ဝ၀ ပြည်နှစ်ကနေပြီး တော့ ၂၀ဝ၅ ခုနှစ်ထိ ခုတင် ၁၀ဝ နဲ့လုံ လောက်တယ်။ ၂၀ဝ၅ ကျတော့ ခုတင် ၁၀ဝ နဲ့ မလုံလောက်တော့ဘူး။ အဲဒါနဲ့ area ၂ ဆိုပြီးတော့ area ၁ ဘေးနားမှာ ခုတင် ၁၀ဝ ထပ်လုပ်တယ်။ အဲဒါနဲ့လည်း အခု မလောက်တော့ နောက်ထပ် ခုတင် 
၁၀ဝ ထပ်တိုးချဲ့မယ်ပေါ့။ ဒါကတော future plan ပေါ့။ နောက်ထပ်အစီအစဉ် တွေလည်း ရှိပါသေးတယ်။ အမှန်အတိုင်းပြောရရင် တော့ ဆရာ ဒီနေရာလေးနဲ့ကျန်းမာရေး စောင့်ရှောက်မှုကို အားမရသေးဘူးပေါ့လေ
ဘာဖြစ်လို့လည်း ဆိုတော့ ကိုယ်တို့ကျန်းမာ ရေးစောင့်ရှောက်မှုနယ်ပယ်က တော်တော် ကျယ်ဝန်းတယ်။ လုပ်ရမယ့် scope တွေ ကလည်း များတယ်ဆိုတော့လေ။ လက် ရှိ ဒီအာရှတော်ဝင် နေရာကနေ အပြင်ကို ထွက်ပြီးတော့ 
နောက်ထပ် တကယ့် (international hospital) တစ်ခုကို ကိုယ်လုပ်ဖို့ အစီအစဉ်ရှိပါတယ်။ ဒါပေမယ့် မြေနေရာ ရှာတုန်းပါပဲ။ အဲဒါလေးကတော့ အနာ ဂါတ်အစီအစဉ်ပေါ့လေ။
ဒါပေမယ့် business ကြီးပဲ ကိုယ်မပြော ချင်ဘူး။ စီးပွားရေးလောကကို ဝင်မယ့် သူတွေအားလုံးက ကိုယ်အခုနက ပြော သလိုပဲ ကိုယ်တို့စခဲ့တယ်။ ဆက်လက်ပြီး တော့ ချီတတ်နေတယ်။ ကိုယ်ဆို စီးပွား ရေးလုပ်တာ နှစ်ပေါင်း ၃၀ 
ကျော်ပြီပေါ့။ အသက်တွေလည်း ၅၀ ကျော်လာပြီ။ ၅ထိပ်စီးပေါ့လေ။ သိပ်မကြာခင် ၆ ထိပ်စီး ဖြစ်တော့မယ်။ ကိုယ်ထင်ပါတယ်။ ကိုယ် ၆ ထိပ်စီးလောက်ဖြစ်ရင်တော့ စီးပွားရေး လောကထဲကနေ happy ending နဲ့ နားတော့မယ်လို့ 
မှန်းထားပါတယ်။

မေး ။ ။ နားပြီးသွားရင်ရော ဆရာ ဘာတွေဆက်လုပ်မလဲ။

ဖြေ ။ ။ ကိုယ်အာရှတော်ဝင် စလုပ် ကတည်းက ဒီအာရှ တော်ဝင်အောင်မြင်မှု ဟာ ဗုဒ္ဓ ဘာသာ ရဲ့အဆုံးအမနဲ့ သက် ဆိုင်တယ်လို့ထင်တယ်။ အထူးသဖြင့် ကိုယ်
မေတ္တာတရားကို အရမ်း ယုံကြည်တယ်။ မေတ္တာတရားကို ဘာလို့ယုံကြည်သွားလဲ ဆိုတော့ ဆရာတော်ကြီးတွေရဲ့ အဆုံးအမ ကို ကိုယ်ဘုန်းကြီးကျောင်းသား လုပ်က တည်းက နာခံခဲ့ပါတယ်။ သီတဂူဆရာ တော်ကြီးရဲ့ 
ဘုန်းကြီးကျောင်းသား လုပ် တာ ၂၀ဝ၂ ခုကတည်းကဆိုတော့ အခု၁၄ နှစ်ရှိပြီပေါ့။ သီတဂူဆရာတော်ကြီးရဲ့ ဘုန်းကြီးကျောင်းသားမလုပ်ခင်တုန်းက ၂၀ဝ၁ ခုနှစ်လောက်မှာ ကိုယ် သာမည ဆရာတော်ရဲ့ ဘုန်းကြီးကျောင်းသာ လုပ်ခဲ့ 
တယ်။ ဒါပေမယ့် ၂ နှစ်လောက်ပဲလုပ် လိုက်ရတယ်။ (သာမညဆရာတော်ကြီး ၂၀၁၃ မှာ ပျံလွန်တော်မူသွားတယ်) ပြီး တော့ အခု သီတဂူဆရာတော်ကြီးရဲ့ ဘုန်း ကြီးကျောင်းသား လုပ်တယ်ဆိုတော့ ဘုန်း 
ကြီးကျောင်းသားလုပ်သက်တော့ အခု ၁၆ နှစ်ကျော်ပြီ ဆိုတော့ ဒီ ဗုဒ္ဓ တရားရဲ့ အဆုံးအမရတာပေါ့။ လောကကြီးမှာ လူ တိုင်းက နှစ်တစ်ရာအတွင်းမှာ လူတွေ အားလုံးကသေရမှာပဲ။ ဒါပေမယ့် တကယ် တမ်းပြန်ကြည့်လိုက်ရင် 
အခုတဖြည်းဖြည်း ချင်း သာသနာပေါ်ပြီးကတည်းက စပြီး တော့ အခု နှစ် ၁၀ဝ တောင်မနေရတော့ ဘူး။ သာသနာနှစ်တွေက နှစ်တစ်ရာ မြင့်တတ်လာလေလေ လူ့ရဲ့ သက်တမ်းတစ် နှစ်လျော့လေလေပဲဆိုတော့ အခု ပျမ်းမျှ သက်တမ်းက သာသနာနှစ်က ၂၆၀ဝ ဆို တော့ လူ့ရဲ့သက်တမ်းကလည်း ၂၆ နှစ် လောက်လျော့သွားတော့ ပျမ်းပျအသက်က ၇၄နှစ် ၇၅ နှစ် သက်တမ်းပဲရှိတော့တယ် ပေါ့။ အဲဒီတော့ ကိုယ့်ရဲ့ဆရာ သီတဂူ ဆရာတော်က အမြဲတမ်းပြောတယ်။ 
မင်းသေရင်ဘာတွေယူသွားမှာလဲ ?
မင်းမသေခင်ဘာတွေထားခဲ့မှာလဲ ? 
အဲဒီတော့ ကျွန်တော် စီးပွားရေးလုပ်ရင်းနဲ့ ယူသင့်ယူထိုက်တဲ့ ကုသိုလ်တရားတွေကို ယူသွားမယ်။ ထားသင့်ထားထိုက်တဲ့ ဘဝ သမိုင်းမှတ်တိုင်ကောင်းတွေကို ထားသွား မယ်လို့ ရည်ရွယ်ထားပါတယ်။

မေး ။ ။ ဟုတ်ကဲ့ဆရာ အခုဆရာအာရှ တော်ဝန်ဆေးရုံကို လက်ရှိ စီမံခန့်ခွဲမူကို ဘယ်လိုလုပ်နေလဲ။ ပြီးတော့ဆရာ (၆) ထိပ်စီးရောက်ရင် အနားယူမယ် ပြောတဲ့ အတွက်ကြောင့် ဘာအစီအစဉ်တွေနဲ့ဘယ် လိုထားခဲ့မလဲ 
နည်းနည်းသိချင်ပါတယ်။

ဖြေ ။ ။ အခုကျွန်တော့်အသက်က (၅၂) ပြည့်သွားပြီဆိုတော့ (၅၃)ထဲမှာပေါ့လေ။ ကျွန်တော်က မှန်တာကိုပြောရင် အခုလက် ရှိကတော့ ဒီမှာ မန်နေဂျင်း ဒါရိုက်တာ ဆိုတော့ daily operation ကိစ္စတွေ အားလုံးကို 
အာရှတော်ဝင်မှာ ဋ္ဌာနကြီး (၇) ခုနဲ့ ဖွဲ့စည်းတည်ဆောက်ထားတယ်။ အဲဒီ ဌာန (၇) ခုစလုံးက ကျွန်တော်နဲ့ အားလုံး ပတ်သက်နေတယ်။ အဲဒီတော့ အာရှတော် ဝင်မှာ အဓိက တာဝန်အရှိဆုံးသူကလည်း ကျွန်တော်ဖြစ်နေတယ်။ 
အဲဒါကြီးကို ကျွန်တော် ထမ်းဆောင်ရင်းနဲ့ နည်းနည်း တော့ ပင်ပန်းလာတယ်။ အသက်အရွယ် ကစကားပြောလာတာလည်း ပါလာတာ ပေါ့။ 
အဲဒီတော့ ကျွန်တော် ကိုယ်တိုင် စီမံ တာကနေပြီးတော့ ကျွန်တော် အနေနဲ့ Board of director ထဲမှာပဲ Non-executive Director အနေနဲ့ပါမယ်။ ပြီးရင် ကျွန်တော် အာရှတော်ဝင်ကို အခုနပြောသ လို 
အင်တာနေရှင်နယ် ဆေးရုံအဖြစ် ပြောင်းချင်တဲ့အခါမှာ တကယ့် Management ကျွမ်းကျင်တဲ့ CEO တစ်ယောက် တော့ ရှာရမှာပေါ့လေ။ နောက်တစ်ခုက အခုကျွန်တော်တို့ share holder တွေက အာရှတော်ဝင်မှာ Management 
ထဲမှာပါ နေတယ်။ ကျွန်တော်က တကယ်လို့ အာရှ တော်ဝင် တစ်ခုပြီးတစ်ခု တိုးချဲ့လိုက်လို့ ရှိရင်၊ နောက်ပိုင်း change of hospital တွေဖြစ်လာရင် ရှယ်ယာဟိုဒါတွေက ရှယ် ယာဟိုဒါသက်သက် ၊ ဒါရိုက်တာထဲမှာပဲ ပါရင်ပါ၊ 
ကျွန်တော်ပြောချင်တဲ့ သဘော က Management နဲ့ Governance နဲ့ကို ခွဲလိုက်မယ်။ ရှယ်ယာဟိုဒါတွေက Governance အပိုင်းပါမယ်။ ရှယ်ယာဟိုဒါ မဟုတ်ဘဲနဲ့ Professional skill ကျွမ်း ကျင်တဲ့သူတွေက 
ဆက်ပြီးတော့ ကျွန် တော့နေရာမှာ တဖြည်းဖြည်းချင်း အခု ကျွန်တော်မွေးထားတဲ့ အခုအာရှတော်ဝင် မှာ လုပ်သက်ရင့်တဲ့ ဆယ်နှစ်ကျော် ဆယ့် ငါးနှစ် လုပ်သက်ရင့်တဲ့ မန်နေဂျာတွေ၊ စီနီယာမန်နေဂျာတွေက GM ဖြစ်လာ တယ်။ 
အဲဒီလူတွေက တဖြည်းဖြည်းချင်း အပေါ် Level ယူလာပြီးတော့ ကျွန်တော့ နေရာ အစားထိုးလိုက်ရင် ကျွန်တော်ထင် ပါတယ် ကျွန်တော်တို့က Daily operation ကို လုပ်စရာမလိုတော့ဘဲနဲ့  Governance အပိုင်းကိုပဲ 
ကျွန်တော် လုပ်လိုက် မယ်။ တဖြည်းဖြည်းချင်း ကျွန်တော့ရဲ့ Management ပါဝင်ပတ်သက်မှုကို လျှော့ သွားဖို့ စီစဉ်ထားပါတယ်။

မေး ။ ။ အဲဒီလိုလုပ်မယ်ဆိုရင် နိုင်ငံခြား က ကျွမ်းကျင်တဲ့ CEO တွေကို ငှားဖို့ ရှိလား။ ဒါမှမဟုတ် ဒီမှာ ဆရာသင်ထား တဲ့သူတွေကိုပဲ သေချာသင်ပြီးတော့ သူတို့ နဲ့ပဲ ထားခဲ့ဖို့ရှိလား။

ဖြေ ။ ။ အဲဒါကတော့ ကျွန်တော်တို့ နိုင် ငံကြီးက ပြောင်းလဲလာတယ်။ အခုဆိုရင် လွှတ်တော် အသစ် ပေါ်လာတယ်။ မကြာခင် အစိုးရသစ်ဖြစ်လာတော့မယ် ။ ပေါ်လစီအသစ်တွေကလည်း ပေါ်ထွက် လာဦးမှာပါ။ အဲဒီအချိန်မှာ 
လုပ်ပိုင်ခွင့် အခွင့်အလမ်း တွေပေါ်လာမယ်။ တကယ့် hospital management ကိုကျွမ်းကျင်တဲ့သူက foreign country ကလာချင် လာမယ်။ အဲဒီမှာ Myanmar citizen ဖြစ်ရင်လည်း ဖြစ်မယ်။ oversea က 
နိုင်ငံခြားသားဖြစ်ရင်လည်း ဖြစ်မယ်။ ဒါမှမဟုတ် လက်ရှိလူထဲက တကယ်တမ်း Management ကို ကျွမ်းကျင်ပြီး လက်လွှဲလို့ရတဲ့သူ လည်းဖြစ်ရင်ဖြစ်မယ်။ ဒါကတော့ ကျွန်တော် အခြေ အနေပေါ်မူတည်ပြီးတော့ ကျွန်တော့်နေရာကို 
လွှဲပေးဖို့ အစီအစဉ်ရှိပါတယ်။

မေး ။ ။ အာရှတော်ဝင် စတင်တည် ထောင်တဲ့အချိန်တုန်းက ဆရာ့ရဲ့ စီးပွား ရေးအမြင်လေးနဲ့ အတွေ့အကြုံလေးတွေ ကို အကျဉ်းချုံးလေးပြောပြပေးပါဦး။

ဖြေ ။ ။ အဲဒါကတော့ ကျွန်တော်အ မြဲတမ်းပြောနေကြပါ။ အာရှတော်ဝင်အ ကြောင်း ပြောရမယ်ဆိုရင် တော်ဝင်ဆေး ခန်းက မပါမဖြစ်ပါ။ ဘာလို့လဲဆိုတော့ တော်ဝင်ဆေးခန်းက တကယ့် အာရှတော် ဝင်ဆေးရုံကြီး 
အောင်မြင်ဖို့အတွက် တော် ဝင်ဆေးခန်းက တကယ့် ဖောင်ဒေးရှင်းပါ ပဲ။ တော်ဝင်ဆေးခန်းအကြောင်းပြောရင် လည်း ကျွန်တော့် မိဘနှစ်ပါးအကြောင်းက မပါမဖြစ်ပါ။ ဘာလို့လဲဆိုတော့ မိဘနှစ် ပါးလုံးက ကျွန်တော်ကို ဆရာဝန်တစ် 
ယောက် အရမ်းဖြစ်စေချင်တယ်။ ကျွန် တော်မှာအစ်မ ၄-ယောက်ရှိတယ်။ အစ်မ အကြီးဆုံးနဲ့ ဒုတိယအစ်မကြားမှာ အစ်ကို တစ်ယောက်မွေးခဲ့တယ်။ ဒါပေမယ့် ၇-လ အရွယ်မှာ ဆေးထိုးမှားလို့ ဆုံးသွားခဲ့ တယ်။ ဒါကြောင့်မိဘနှစ်ပါးက 
သား သမီးထဲမှာ ဆရာဝန်ပါစေချင်တာပေါ့။
ကျွန်တော်က ငယ်ငယ်က မန္တလေးတိုင်း ဒေ'ကြီးထဲက မြင်းခြံမြို့လေးမှာ ကြီးပြင်းခဲ့ တယ်။ သတ္တမတန်းအထိ မြင်းခြံမှာ ပညာ သင်ခဲ့တယ်။ အဋ္ဌမတန်း (၈) တန်းရောက် 
တော့ ကျွန်တော် ရန်ကုန်ကို ပြောင်းလာ တယ်။ အတိုပြောရရင် (၈) တန်းမှာ ရန် ကုန်ရောက်ပြီးတော့ (၁၀) တန်း ပြီးတဲ့အ ခါမှာ ကျွန်တော်တို့တုန်းက ဒေသကော လိပ်တွေ ရှိသေး တယ်။ အဲဒါပြီးမှ ကျွန် တော်တို့ 
ဆေးတက္ကသိုလ်တတ်ရတယ်။ 
အဲဒီမှာ ကျွန်တော် ဆေးတက္ကသိုလ်ဝင် တယ်။ ဆရာဝန်ဖြစ်တယ်။ ဆရာဝန်မဖြစ် ခင်လေးမှာ ကျွန်တော့်အဖေက မင်းဆရာ ဝန်ဖြစ်တော့မယ်။ အဲဒီတော့ မင်းအတွက် ဆေးခန်းလေးတစ်ခန်းကို မြို့ထဲမှာ ငါလုပ် ပေးမယ်ဆိုပြီးတော့ 
လမ်းမတော်မြို့နယ်ထဲ က ၁၅-လမ်းထိပ်မှာ တော်ဝင်ဆေးခန်း လေး လုပ်ပေးတယ်။ ကျွန်တော့်အမတစ် ယောက်ကလည်း ဆရာဝန်ပဲ။ အဲဒီမှာ ကျွန်တော်တို့ မောင်နှစ်မနှစ်ယောက်ထိုင် တဲ့ တော်ဝင် ဆေးခန်းလေးကနေပြီးတော့ နောက်ဆုံး ဆရာဝန်ကြီးတွေထိုင်တဲ့ OPD တကယ့်ကို diagnosis center နဲ့ specialist clinic ဖြစ်အောင် ၁၉၈၅ ကျွန်တော် final part 2 ကျောင်းသားဘဝမှာ စခဲ့ တယ်။ အစပထမပိုင်းတော့ စီးပွားရေးရဲ့ သဘောတရားအရ လုပ်ငန်းမကျွမ်းကျင်မှု ကြောင့် ကျွန်တော် ၂ နှစ် ၃ နှစ်လောက် မအောင်မြင်ခဲ့ပါဘူး။ ၁၉၈၈ လောက်မှ ကျွန်တော်စ အောင်မြင်တယ်။ အောင်မြင်တဲ့အချိန်မှာ အားလုံးသိတဲ့အတိုင်းပဲ ၈ လေးလုံး လှုပ်ရှားမှုကြီးပေါ်လာတယ်။
အဲဒီမှာ ကျွန်တော်နဲ့အတူတွဲလုပ်ခဲ့တဲ့ မောင်နှစ်မတွေက oversea ကို ထွက်ကြ တယ်။ ကျွန်တော်တစ်ယောက်ထဲပဲ နေခဲ့ တယ်။ ပြီးတော့ ကျွန်တော်အိမ်ထောင်ကျတယ်။ ၁၉၈၉ မှာ ကျွန်တော်နဲ့ ကျွန်တော့အမျိုးသ မီးရယ် 
ကျွန်တော့်အစ်မ အကြီးဆုံးမိသားစု ရယ်တို့က ဆက်ပြီးတော့ တော်ဝင်ဆေး ခန်းလေး အခြေမယိုင်အောင် ၊ ဒီထက်ပို တိုးတက်အောင် ကျွန်တော်တို့ ၁၉၉၃၊ ၉၄ ခုနှစ်ထိ ထိန်းထိန်းသိမ်းသိမ်းလေး လုပ်ခဲ့ တယ်။ အဲဒီနောက်ပိုင်းမှာ 
ပြည်ပကို ထွက် သွားတဲ့ မောင်နှမတွေ ပြန်လာတယ်။ အဲဒီ မှာ တော်ဝင်ဆေးခန်းလေးကို ပြန်လာတဲ့ မောင်နှမတွေကို လွှဲပေးပြီးတော့ ကျွန်တော် ဆေးကုမ္မဏီလေး တစ်ခု လုပ်တယ်။ (KMT) ဆိုပြီး ကျွန်တော် ဆေးတွေ သွင်းတယ်။ 
အစုံပါပဲ။ နောက်တစ်ခုက T.Z.T.M construction ကုမ္မ ဏီတစ်ခုလည်း ကျွန်တော် နေပြည်တော်၊ ပျဉ်းမနားမှာ ကျွန်တော်တစ်ခုလုပ်ခဲ့တယ်။ အဲဒါမျိုးတွေလုပ်ပြီး တစ်ပြိုက်နက်တည်း မှာပဲ အာရှတော်ဝင်ဖွင့်ဖို့ဆိုပြီးတော့ 
ကျွန် တော့်အဖေရဲ့ မိတ်ဆွေတစ်ယောက်က သူ့ သမီးလေး တစ်ယောက်က ဆရာဝန်ဖြစ် တော့ သူတို့နဲ့ပေါင်းပြီးတော့ အာရှတော် ဝင်ကို ၉၇ မှာ ကုမ္မဏီထောင်ခဲ့ပြီးတော့ ၉၈ ကျ စလုပ်ဖို့က south east asia economic crisis ဖြစ်တာနဲ့ ၂၀ဝ၀ ပြည့်နှစ်မှ စလုပ်ဖြစ်ခဲ့ပါတယ်။

မေး ။ ။ ဆရာပြောသွားတဲ့အထဲမှာ စီးပွားရေးလုပ်ငန်းအများကြီးလုပ်ခဲ့သေးတယ်ဆိုတော့အဲဒီအတွေ့အကြုံလေးတွေ လည်း ပြောပြပေးပါဦး။

ဖြေ ။ ။ စီးပွားရေးလုပ်တဲ့အခါမှာ တကယ်တမ်းကတော့ လုပ်ငန်းတစ်ခုအောင် မြင်ဖို့ဆိုတာ နှစ်ပိုင်းရှိတယ်။ တစ်ပိုင်းက ငွေရေးကြေးရေးမြှပ်နှံတဲ့ inverstor အပိုင်းနဲ့ တစ်ပိုင်းက တကယ်အလုပ်လုပ်တဲ့ operation အပိုင်းပေါ့။ လုပ်ငန်းတစ်ခုအောင်မြင်ဖို့ ဆိုရင် investment တောင့်ဖို့ investor ပိုင်း လည်းအရေးကြီးပါတယ်။ Investment တောင့်ဖို့အရေးကြီးသလို ဒီလုပ်ငန်း ကို တကယ့်ကျွမ်းကျင်တဲ့ operation လုပ်တဲ့ operator ပိုင်းကလည်း အရေးကြီး ပါတယ်။ ကျွန်တော် ကျန်းမာရေး စောင့် ရှောက်မှုအပိုင်းကိုတော့ operation ပိုင်းကို ကျွန်တော် ကိုယ်တိုင်ဦးဆောင် လုပ်ပါ တယ်။ ကျွန်တော့ရဲ့ investment တွေ
လည်း ပါတာပေါ့ ။ ကျန်တဲ့လုပ်ငန်း တွေက အခုနပြောတဲ့ trading (export-import) တို့ နောက်တစ်ခုက construction တို့ အဲဒီလုပ်ငန်းတွေကျတော့ investment အနေနဲ့ ကျွန်တော်လုပ်ပါတယ်။ အဲဒီ 
တော့ ဘာဖြစ်လာလည်းဆိုတော့ လုပ်ငန်း တစ်ခုမအောင်မြင်ခင်တုန်းကတော့ operation လုပ်တဲ့အပိုင်းက investor ကို မအောင်မြင်ခင်တုန်းကတော့ တော်တော် လေးအလေးပေးတယ်။ ဒါပေမယ့်လုပ်ငန်း လည်း 
အောင်မြင်ရော အဲဒီမှာ အခုနပြော သလို သူက risk ကိုပဲ sharing လုပ်ချင် တာများတယ်။ Profit ကိုကျတော့ သိပ် sharing မလုပ်ချင်ကြဘူး။ အဲဒီတော့ လုပ် ငန်းလည်း အောင်မြင်မှုလည်းရလာရော Profit ကို 
ရလာတဲ့အခါကျတော့ Investor ကို သိပ်အရေးမလုပ်တော့ဘူး။ သူက risk ရှိရင် ငါရှုံးများရှုံးလို့ရှိရင် ငါရှုံးတဲ့ဒဏ်ကို ကာမိအောင်လို့ ဆိုးတူကောင်းဖက်ခေါ် မယ်။ ဒါပေမယ့် လုပ်ငန်းရှုံးဖို့မရှိတော့ဘူး။ အောင်မြင်လာပြီ။ 
တစ်နှစ်ထက်တစ်နှစ် လည်း ပိုပိုပြီးတော့ မြတ်လာပြီဆိုရင် ဒီ investor ပိုင်းကို ပျောက်သွား အောင်လုပ်ချင် ကြတယ်။ ပျောက်သွားပြီးတော့ တစ်နည်း နည်းနဲ့ investor နေရာမှာ သူတို့ operation အပိုင်းက 
ရာခိုင်နှုန်းပိုယူတာဖြစ်ဖြစ် ဒါမှမဟုတ် investor ကို totally ကန်ထုတ်တာဖြစ်ဖြစ် လုပ်လာကြတယ်။ အဲဒါတွေ ကတော့ ကျွန်တော် ခံစားခဲ့ရတဲ့ လုပ်ငန်း အတွေ့အကြုံတွေပါ။ ဒါကျွန်တော် trading တို့ construction တို့မှာ investor လုပ်ရင်းနဲ့ ကျွန်တော်ကိုယ်တိုင် operator ရဲ့ over rule လုပ်တာ၊ ဖယ်ထုတ်ခြင်း ကို ခံခဲ့ရတယ်။ 
ဒါကြောင့်မို့ ကျွန်တော် ဒီအာရှ တော်ဝင် အောင်မြင်တဲ့အခါ ကျွန်တော့ investor ပိုင်း ကို နဂိုအတိုင်းပဲ ထားတယ် ။ ကျွန်တော့ operation အပိုင်းက over rule လုပ်ထားတာ။ Investor ကို ဖယ် ထုတ်တာ 
မလုပ်ခဲ့ဘူး ။ အာရှတော်ဝင် တော်တော်လေး အောင်မြင်တယ်။ အောင် မြင်တော့ Profit တွေလည်း ရလာတယ်။ ဒါပေမယ့် Reinvestement ပြန်လုပ် တယ်။ ကျွန်တော် အာရှတော်ဝင်ကို ထပ် တိုးချဲ့တယ်။ ဒါပေမယ့် 
investor ကိုလည်း ကျွန်တော်က ကျွန်တော်ခံရတဲ့ ပုံစံမျိုးလို မခံရအောင် ဒီအတိုင်းလေးပဲ နဂို ပါတဲ့ investor ration အတိုင်းပဲ ကျွန်တော်ဆက် ပေးထားပါတယ်။ တကယ်တမ်း နောက် business လုပ်တဲ့သူတွေ 
အမြဲတမ်းလုပ် ဖို့က ကိုယ်လုပ်တဲ့အဖွဲ့အစည်းကို သစ္စာရှိ ရှိနဲ့ Investor လည်း investor အလျောက် အရေးပါပါတယ်။ operation လုပ်တဲ့သူ ကလည်း သစ္စာရှိရှိနဲ့လုပ်ဖို့ ကျွန်တော် အကြံပေးချင်ပါတယ်။

မေး ။ ။ ပထမဦးဆုံးစီးပွားရေးလုပ်တဲ့ အလုပ်ကဘာလဲ ပြီးတော့ ပထမဦးဆုံးစီး ပွားရေးလုပ်ငန်းမှာ ဘာတွေတွေ့ကြုံခဲ့ရလဲ ဆိုတာ သိချင်ပါတယ်။

မေး ။ ။ တော်ဝင်ဆေးခန်းမလုပ်ခင် ၁၉၇၉ မှာ ဆယ်တန်းအောင်တယ်။ ဒါပေမဲ့ တကယ်တန်း တက္ကသိုလ်တက်ရတဲ့အခါ ကြတော့ ဒေသကော်လိပ်ကို ၁၉၈၀ နှစ် လယ်မှာ တက်ရတယ်ဆိုတော့ ကြားထဲမှာ ၁နှစ်ခွဲလောက် 
နားရတယ်။ ကိုယ်တို့အဲ့ဒီ တုန်းက ဆေးခန်းတွေလဲ မလုပ်သေးဘူး။ ကျန်းမာရေး စောင့်ရှောက်မှုတွေလည်း မ လုပ်သေးဘူး။ အဲ့ဒီအချိန်မှာ ကိုယ်တို့ ကုန်စုံဆိုင်လေး ဖွင့်တယ်။ ကုန်စုံဆိုင်ဆို တာ ကိုယ်တို့ ကုန်ပစ္စည်းကို လုံးဝမထုတ် 
ဘူး။ တကယ့် လုပ်ငန်းရှင်တွေဆီက ကုန် ပစ္စည်းကိုယူတယ်။ ပြီးရင် ကိုယ်တို့ နယ် တွေကို ဖြန့်တယ်။ လုပ်ငန်းရှင်တွေစီက ဘာတွေယူသလဲဆိုတော့ ဥပမာ ချိုချဉ်၊ သကြားလုံးပေါ့။ 
နောက်ဇီးယိုတို့ ဘီစကွတ်မုန့်တို့ပေါ့ ။ အဲ့ဒီတော့ လုပ်ငန်းရှင်တွေက ဘာတွေသုံး ရလဲဆိုတော့ ဥပမာ သကြားလုံးဆိုရင် အမှန်တော့ သကြားလုံးလို့တာ ပြောတာ သကြားနဲ့ချက်လို့မရဘူး။ ကြံသကာနဲ့ ကပ်စေးနှဲချက်တာ။ 
အဲ့ဒီချိန်မှာ ကပ်စေးနှဲ ကလိုတယ်။ ကပ်စေးနှဲကို လုပ်ငန်းရှင်တွေ ဆီ ကိုယ့်အဖေက raw material နဲ့ ပြန် ရောင်းတယ်။ ပြီးရင် သူတို့ဆီက finish product ကို ပြန်ဝယ်တယ်။ အဲ့ဒီတော့ ကိုယ်တို့က သူတို့ကိုကုန်ကြမ်း သွင်းတဲ့ 
အခါမှာတစ်ခါ profit ရတယ်။ ကုန်ချော ကို နယ် ပြန်ဖြန့်တဲ့အခါမှာလည်း တစ်ခါ profit ရတယ်။ 
အဲ့ဒီအချိန်မှာ မြန်မာဆိုရှယ်လစ် စီးပွားရေးစနစ်ပေါ့။ ဦးနေဝင်းလက်ထက် ပေါ့။ အဲဒီတုန်းက ကောက်ညှင်းဆန်ကို လယ်သမားတွေက ပုဂ္ဂလိကကို မရောင်းရ ဘူး။ သူတို့ နိုင်ငံတော်အစိုးကိုပဲ သွင်းရ မယ်ဆိုတဲ့ 
ကြေငြာချက်ထုတ်လိုက်တော့ ကောက်ညှင်းဆန်ဆိုတာ ကပ်စေးနှဲချက် တဲ့အခါမှာ ကောက်ညှင်းဆန်မရှိဘဲ ကပ် စေးနှဲချက်လို့မရဘူး။ အဖေက ကပ်စေးနှဲ မရှိရင် လုပ်ငန်းရှင်တွေ ဒုက္ခရောက်မယ်။ မင်း ကပ်စေးနှဲကို ရအောင်လိုက်ဝယ်' 
လို့ ပြောတယ်။ အဲ့ဒီအချိန်မှာ ကပ်စေးနှဲတစ် ပုံးကို ၉၀ နဲ့ ၁၀ဝ ကြားမှာပေါ့။ အဲ့ဒီ အချိန် အဖေက ငွေ ၃သိန်း ထုတ်ပေးပြီးတော့ ပုံး-၃၀ဝ၀ လောက် ရအောင်ဝယ် ခိုင်းတယ်။ ဝယ်ပြီးရင် လုပ်ငန်းရှင်တွေကို 
ကပ်စေးနှဲရှိရင်ဆီးယိုထိုးလို့ရမယ်။ သကြားလုံးချက်လို့ရမယ်။ ဘီးစကွတ်မုန့် တွေ အကုန်လုပ်လို့ရမယ်။ ဆယ်တန်း အောင်ပြီးပြီးချင်း ငွေ၃သိန်းနဲ့ ကပ်စေးနှဲ တွေလိုက်ဝယ်တယ်။ အဲ့ဒီကတည်းက ကိုယ့်မှာ 
လုပ်ငန်းအတွေ့အကြုံရှိခဲ့တာ ပေါ့နော်။ အဲ့ဒီအချိန်ကခုနက ပြောသလို ကပ်စေးနှဲက အရမ်း ဈေးတက်သွားတယ်။ အစက ၁၀ဝ နဲ့လိုက်ဝယ်တယ်။ နောက် ၁၂၀၊ ၁၃၀၊ ၁၄၀ နောက်ဆုံး တစ်ရာ့ငါး ဆယ်အထိ လိုက်ဝယ်တယ်။ အကိုပြန် 
ရောင်းတဲ့အခါမှာ ၂၀ဝ ကနေ၂၅၀ အထိ ပြန်ရောင်းလို့ရတယ်။ အဲ့ဒီအချိန်မှာ ပိုက် ဆံတွေ အကိုတော်တော် စုမိသွားတယ်။ ၃သိန်းလောက် ရင်းလိုက်တာ ၃သိန်းမကမြတ်တော့ကိုယ့်အနေနဲ့ကျောင်း
တောင် တက်ချင်စိတ်မရှိတော့ဘူး။ အဲဒီအ ချိန်မှာ လူငယ်တွေကို ကိုယ်တစ်ခုပြောချင် တာ မိဘရဲ့ကျေးဇူကြောင့်ပါ။ ကိုယ်က ဒေသကောလိပ် မတတ်တော့ဘူး။ ဒီအတိုင်းဘဲ စီးပွားရေးဘဲ ဆက်လုပ်မယ်။ ငွေရှာမယ် ပေါ့။ Learning 
နဲ့ Earning မှာ Earning ပဲလုပ်တော့မယ်ပေါ့။ ဘာလို့လဲဆိုတော့ နောက်ဆုံးဘွဲ့ရလဲ ဒီအလုပ်ဘဲလုပ်ရမှာပဲ လေ ကိုယ်စဉ်းစားခဲ့တာ့ပေါ့နော်။ အဲဒီ အချိန်မှာတော့ ကိုယ့်အဖေနဲ့ အမေက မရ ဘူး မင်းဘွဲ့ 
တစ်ခုတော့ရအောင်ယူရမယ်။ အဲ့ဒီမှာ အကို့ကို ကပ်စေးနှဲ အရောင်းအဝယ်ကို ရပ်ပြီးတော့ ဒေသကောလိပ် ဆက် တက်ခိုင်းတယ်။ နောက်ပြီးတော့ အကို ဆေးကျောင်း ဝင်လာတာပေါ့။ အဲ့ဒီမှာ ဆေးခန်းလုပ်ဖြစ်တယ်ပေါ့။ ပထမဦးဆုံး 
အတွေအကြုံကတော့ ကပ်စေးနှဲလိုက်ဝယ် တဲ့ အတွေ့အကြုံပါ။

မေး ။ ။ ဟုက်ကဲ့ဆရာ၊ ဆရာရဲ့မိသားစု အကြောင်းလေးလဲ နည်းနည်းပြောပြပေးပါဆရာ။

ဖြေ ။ ။ အကိုတို့တွေ စီးပွားရေးလုပ်လာ တဲ့ အခါကြတော့ အများစုက လုပ်ခါစဆို ရင် စီးပွားရေးအောင်မြင်ဖို့ သားပြစ်မယား ပြစ်လုပ်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ လုပ်ငန်း မအောင်မြင်မှာဆိုးလို့။ ဒါပေမဲ့ ဒါဟာ တကယ်တမ်းတော့ 
မမှန်ပါဘူး။ တကယ့် အလုပ်နဲ့ family life က တ ကယ်တော့ balance ဖြစ်နေရမယ်။ အကို အခုန ပြောသလိုပဲ။ တစ်ချိန်ချိန်ကြရင် အကိုအလုပ်က အနားယူရမယ်။ ဒါပေမယ့် မိသားစုဘဝမှာ retire life ဆိုတာ မရှိ ဘူး။ 
မသေမချင်း ကိုယ့်ရဲ့ ဇနီးမယားနဲ့ ကိုယ့်ရဲ့ သားသမီးတွေနဲ့နောက် ကိုယ့် သားသမီးတွေကမွေးလာမယ့် မြေးမြစ်တွေ နဲ့ family life ဆိုတာက မသေမချင်း တာဝန်ထမ်းဆောင်သွားရမှာပေါ့နော်။ အဲ့ဒီတော့ ဒီ အလုပ်နဲ့ family နဲ့က 
ညီမျှနေရမယ်။ အရင်တုန်းကဆိုရင် တော် တော်များများ လုပ်ငန်းခွင်ထဲမှာဘဲ အိမ်မ ပြန်ဖြစ်တော့ဘူး။ အကိုလဲ အာရှတော်ဝင် စလုပ်တုန်းက သားပြစ်မယားပြစ်လုပ်ပါ တယ်။ မအောင်မြင်ဖြစ်မှာဆိုးလို ည ဂျူတီ ကို တစ်ပတ်ကို ၃ 
ရက်ယူခဲ့တယ်။ ဒါပေမဲ့ တကယ်တမ်းပြန်စဉ်းစားကြည့်လိုက်တော့ တကယ်တမ်းက အလုပ်နဲ့ family life နဲ့က ညီမျှတာကတော့ အကောင်းဆုံး ပါ။ အဲ့ဒီတော့ ညီလေးကလဲ ဒီမေးခွန်းမေး လာတော့ ကိုယ့်ရဲ့family life လေးကို ကိုယ်ပြောချင်ပါတယ်။ ၁၉၈၉ မှာ ကိုယ်နဲ့ ကျောင်းနေဘက် သူငယ်ချင်း ဆေးတက္ကသိုလ်မှာ ၆-နှစ်လုံးအတူတူတက်ခဲ့တဲ့ ခင်ချိုဦးနဲ့ ကိုယ် အိမ်ထောင်ကျတယ်ပေါ့။ အကိုတို့ မင်္ဂလာဆောင်တယ် အဲ့ဒီနောက်ပိုင်း အကို တို့သားသမီး သုံးယောက်ရခဲ့တယ်။ ၁၉၉၀ မှာသားကြီးမွေးတယ် ၁၉၉၂ မှာသားလတ် မွေးတယ်။ ၁၉၉၅ မှာသမီးလေးမွေးတယ်။ အခုသားကြီးကတော့ ဆေးတက္ကသိုလ် အစက ဒီမှာတက်နေတယ်။ တက်ပြီးတော့ သူ further study လုပ်ချင်တယ်ဆိုတော့ ကနေဒါမှာ ဆက်တတ်နေတယ်။ သား လတ်ကတော့ဆရာဝန်မဖြစ်ချင်ဘူး။ အင်ဂျင်နီယာဘဲဝါသနာပါတယ်ဆိုပြီးတော့ ဩစတေးလျှ UNSW မှာ ကျောင်း တတ်နေပါတယ်။ သမီးငယ်လေးကတော့ ဆေးတက္ကသိုလ်နောက်ဆုံးနှစ်တက်နေပါတယ်။ အဲ့ဒီတော့ အကို ဘာကိုပြောချင် အလုပ်အကိုင် လေးကိုလဲ အဆင်ပြေအောင် လုပ်မယ်။ မိသားစုဘဝလေးကိုလည်း အ ချိန်ပေးပြီး အလုပ်နဲ့ family life ကို ညီမျှအောင်ထားမယ်ဆိုရင်တော့အကောင်း ဆုံးပေါ့ ညီလေးရာ။

မေး ။ ။ နောက်ဆုံးအနေနဲ့ ဆရာ ဖြည့်စွက်ပြောချင်တာလေး ပြောပေးရင်းနဲ့ နိဂုံးချုပ်ပေး ပါဦးဆရာ။

ဖြေ ။ ။ ပထမ အစ်ကို ပြောထားသလိုပဲ လုပ်ငန်းခွင်ထဲမှာ လောဘတွေ ဒေါသတွေ တစ်ခါတစ်လေကြတော့မောဟတွေ အများကြီးနဲ့လုပ်ရတယ်။ ဒါပေမဲ့ အစ်ကိုက ဘုန်းကြီးကျောင်းသားအဖြစ် သာမညဆရာ
တော်ကြီးဆီမှာ (၂) နှစ်၊ သီတဂူဆရာ တော်ကြီး ခြေတော်ရင်းမှာ ဆယ့်လေးနှစ် တိုင်အောင် ဘုန်းကြီးကျောင်းသား လုပ်တယ်။ အစ်ကို သီတဂူ ဆရာတော်ကြီးထံမှာ ဘုန်းကြီးကျောင်းသား လုပ်တော့ အတွေ့ အကြုံလေးကို 
စပြောချင်ပါတယ်။ 
အဲ့ဒီမှာ ဆရာတော်ဘုရားက မင်းငါရဲ့ဘုန်းကြီးကျောင်းသားလုပ်မလားဆိုပြီးတော့ အစ်ကို့ကိုယ် ပထမဦးဆုံး testing ပေါ့။ အိန္ဒိယဗုဒ္ဓဂါရာ ခေါ်ပြီးတော့ တစ်လ ငါးရက်လောက် သူနဲ့အတူတူ လိုက်ရတယ်။ လိုက်တဲ့အခါမှာ 
သဘော ကျသွားတယ်ပေါ့လေ။ မောင်မြတ်သူ မင်း ငါ့ ဘုန်းကြီးကျောင်း သားလုပ်မလားဆိုပြီး တော့ အဲ့ဒီအချိန်မှာ ကျွန်တော်အသက်က လေးဆယ် မပြည့်သေးဘူး။ သုံးဆယ်ကိုး နှစ်ဖြစ်တဲ့အတွက် ဆရာတော်ကြီးကို ကျွန် 
တော်ရဲ့အသက် ငါးဆယ် နောက်ပိုင်းမှာ လုပ်မယ်ဆိုပြီး အစ်ကိုပြောတယ်။ ဆရာတော်ကဘာပြောလဲဆိုတော့ မင်းအသက်ငါးဆယ်အထိနေရမယ်လို့ မင်းဘဝမှာ အာမခံချက်ပေးနိင်လို့လား။ အသက်လေးဆယ်ကျော်နဲ့သေသွားရင် မင်းငါ့ရဲ့ဘုန်းကြီးကျောင်းသားမဖြစ်ဘဲနေလိုက်မယ်။ အခု ဘုန်းကြီးကျောင်းသားလုပ် ဆိုလို့ အစ်ကိုလဲ ဘာမှမထူးပါဘူးဆိုပြီး ဆရာတော်ထံမှာ ဘုန်းကြီးကျောင်းသားလုပ် မယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်။ ဆရာတော်က ဒီအတိုင်းတော့ မရဘူး။ ဘုရားရှေ့မှာ သီတဂူအဓိဌာန်ကို သစ္စာ ဆိုပြီး 
ဝင်ရမယ်လို့ပြောတယ်။ သီတဂူ အဓိဌာန် ဆိုတာက 
ငါတို့ဖြစ်ရ၊ဤလောကဝယ်
ဘဝသမိုင်း၊မရိုင်းစေရန် 
စိတ်မာန်မချ၊မာနမပါ
ဒို့စွမ်းရာဖြစ်၊ဒို့သာသနာ
ဒို့ပြည်ရွာကို၊သာယာစေမှု့  
လုံ့လပြုအံ့။
ဆိုပြီးတော့ ဘုရားစင်ရှေ့မှာ အဲဒီတုန်းက သီတဂူသာသနာပြုအဖွဲ့ရဲ့ ဥက္ကဋ္ဌ ပရော ဖက်ဆာ ဒေါက်တာလှမြင့်က တိုင်ပေးပြီး တော့ ဆရာက ရွတ်ပြီးတော့ ဘုန်းကြီး ကျောင်းသားလုပ်ခဲ့တယ်။ 
နိဂုံးချုပ်ပြောရရင် ကျွန်တော့်အနေနဲ့ ကျွန်တော့ရဲ့မိသားစုဝန်ထမ်းတွေကို အမြဲပြောနေကြ အဓိကနှစ်ချက် ပြောချင် ပါတယ်။ ပထမတစ်ချက်က မေတ္တာတရား - မေတ္တာဆိုတာ သူတစ်ပါးရဲ့အကျိုးကိုလို လားတဲ့စိတ်။ ကျွန်တော်တို့ အာရှတော် ဝင်မှာအလုပ်လုပ်တဲ့အခါ အရင်ဆုံး ဦးစား ပေးရမှာ ကျွန်တော်တို့ မိသားစုဝန်ထမ်း အားလုံးကို လစာတွေပေးနေတဲ့ ကျွန်တော် တို့ရဲ့ထမင်းရှင် လူနာနှင့် လူနာရှင်မိသားစု တို့ရဲ့အကျိုးကို လိုလားတဲ့စိတ်နဲ့ အလုပ် လုပ်ရမယ်။ ဒုတိယက မိသားစုဝန်ထမ်း လုပ်ဖော်ကိုင်ဖက်တွေရဲ့အကျိုးကိုလိုလား တဲ့ စိတ်နဲ့ လုပ်ရမယ်။ တတိယကတော့ ဆေးရုံဆေးခန်း ကျန်းမာရေး စောင့်ရှောက် မှုမှာ မပါမဖြစ် အရေးကြီးတဲ့ ဆရာဝန်ကြီး တွေရဲ့အကျိုးကိုလိုလားတဲ့စိတ်နှင့် အလုပ်လုပ်ရမယ်။ ကျွန်တော်တို့နဲ့အမြဲထိ
တွေ့ဆက်ဆံနေရတယ့် လူနာနှင့်လူနာရှင် မိသားစု၊ မိသားစုဝန်ထမ်း၊ ဆရာဝန်ကြီး တွေ Customer သုံးမျိုးရဲ့အကျိုးကို လိုလားတဲ့စိတ်နှင့် အာရှတော်ဝင်မှာအလုပ် လုပ်မယ်၊ ဒ'ါ့အပြင် ပုဂ္ဂလိကကျန်းမာရေး
စောင့်ရှောက်မှု အခန်းကဏ္ဍ ကနေ နိုင်ငံ တော်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုမှာ တ
ဖက်တစ်လမ်း တစ်ထောင့်တစ်နေရာ က နေ ဖြည့်စွက်ချင်ရင်တော့ ဒီ မေတ္တာတရား  ကို အခြေခံတဲ့စိတ်နှင့် အလုပ်လုပ်မယ်ဆို ရင် လုပ်ငန်းတွေလဲအောင်မြင်မယ် လူနာ တွေလည်း ကောင်းမွန်တဲ့ စောင့်ရှောက်မှု တွေ ရကြမှာပေါ့။
    အခုလဲ ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ဒေါ်အောင်ဆန်းစုကြည် NLDပါတီမှာ  အနုပညာရှင်တွေကိုတွေ့ ဆုံစဉ် ဘယ်နိုင်ငံမှ မအုပ်ချုပ်သောစနစ်တစ်
ခုကို မြန်မာနိုင်ငံမှာ ကျင့်သုံးချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနိုင်ငံက ဗုဒ္ဓဘာ သာနို်င်ငံဖြစ်တဲ့အတွက်ကြောင့် မေတ္တာ တ ရားနဲ့ အုပ်ချုပ်ဖို့ကအကောင်းဆုံးပဲ။ ဒါ ကြောင့်မို့လို့ေ'ဒ်ါစုက  မေတ္တာတရားအ ခြေခံပြီးအုပ်ချုပ်မယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံကြီးက တကယ်ကို တိုးတက်လာမယ်။ ဘာဖြစ်လို့လဲဆိုတော့ကျွန်တော် ကိုယ်တွေ့ ဘဲ ကျွန်တော်အာရှတော်ဝင်မှာလဲ ကျွန် တော့်မိသားစုဝန်ထမ်း ထောင့်တစ်ရာ့ ငါး ဆယ်လုံးကို  ကျွန်တော်မေတ္တာနဲ့ အုပ်ချုပ် တာပါ။
 နောက်ဒုတိယအချက်တစ်ချက်က ကိုယ့်ဘဝရဲ့ ဘဝစာမျှက်နှာတွေကို ကိုယ့် ဘာသာရေးကြရာမှာ ဘယ်လိုရေးမလဲ။ သီတဂူ ဆရာတော်ကြီးက ဒီလိုမိန့်ကြား ထားတယ် ဘဝစာမျှက်နှာကို "ဓမ္မနှင့်ရေးရ မယ်၊ တရားမျှတမှု မှန်ကန်မှု နဲ့ ရေးရမယ်  ကုသိုလ်တရားတွေနဲ့ ရေးရမယ်။ ကျွန် တော်ဆို ကျွန်တော်အသက် ၅၃-နှစ် ဘဝ စာမျှက်နှာ ၅၃-မျှက်နှာကို ဟုတ်တိပတ် တိကောင်းကောင်းမရေးရသေးဘူး။ ကျန် တဲ့ဘဝစာမျှက်နှာတွေကို ဓမ္မနှင့်အကောင်း
ဆုံးဖြစ် အောင်ရေးဖို့ ဆုံးဖြတ်ထားတယ်။' ဗိုလ်ချုပ် အောင်ဆန်းဆိုရင် သူ့ရဲဘဝစာ မျက်နှာ ၃၂-မျှက်နှာကို ၁၀၁-နှစ် ကြာ သည့်အချိန် အထိ ကျွန်တော်တို့ ဖတ်လို့မ ကုန်နိုင်သေးဘူး။ မြတ်ဗုဒ'္ဓ ရဲ့ဘဝစာမျက် နှာ ၈၀ ကို သာသနာ နှစ်ပေါင်း ၂၆၀ဝ ကျော်သည်အထိ ကျွန်တော်တို့ လေ့လာ သင် ယူဆည်းပူးလို့ မကုန်နိုင်သေးပါ။'ဒါကြောင့် အကောင်းဆုံးက ကိုယ့်ရဲ့ဘဝ စာမျက်နှာတွေကို ဓမ္မနှင့် ရေးကြပါလို့ ပြော
ပြောရင်း ညီလေးရဲ့ Interview ကို နိဂုံး ချုပ်လိုက်ချင်ပါတယ်။

interview video ကို https://www.youtube.com/watch?v=5_Gqqul-7xs တွင် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။ 

Contact

General Inquiries

Please use this email address to contact me by email.

ceomoenaymin@mmcities.com

Connect with me