20 Mar 2017

မေး ။        ။ ကျွန်တော်ပထမဆုံးသိချင်တာက panama ကိစ္စနဲ့ပတ်သက်ပြီးတော့ တစ်လောက စာနယ်ဇင်း မှာလဲ ဒေါက်တာဒေါ်မြသီတာ နာမည်လေးတွေ့လိုက်တယ်။  အဲဒီအကြောင်းနဲ့ပတ်သက်ပြီးတော့       နည်းနည်းပြောပေးပါအုံး။

ဖြေ ။          ။ ဟုတ်ကဲ့ပါ။ ပြီးခဲ့တဲ့ လတွေတုန်းက panama issue တစ်ခုမှာ  အန်တီနာမည် အပါအ၀င် မြန်မာနိုင်ငံရဲ့ ပုဂ္ဂိုလ်အချို့နာမည်တွေပါလာတဲ့အတွက်ကြောင့် Panama မင်းသမီးလို့ဆိုပြီးတော့တောင်မှ သူငယ်ချင်းတွေက တော်တော်လေးစကြတယ်။  အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အန်တီ မိတ်ဆွေ တစ်ချို့ ကိုရှင်းပြခဲ့ဘူးပါတယ်။ ဒါပေမယ့်အခု  သေသေချာချာ ရှင်းပြပါမယ်။ တကယ်တော့ Panama နဲ့ပတ်သက် ပြီး လူတွေသိထားတဲ့ အနေအထားက Panama နဲ့ဆက်စပ်ပြီးတော့ အလုပ်လုပ်တယ် ဆိုရင်ကိုပဲ မူးယစ် ဆေးဝါးဆိုင်ရာလုပ်ငန်းများ၊ ငွေကြေးခ၀ါချမှုနဲ့ ဆက်စပ်သောလုပ်ငန်းများ၊ တရားမ၀င်အလုပ်များ လုပ်နေသူ တွေ စသည်ဖြင့် ထင်ကြပါတယ်။ တကယ်တော့ အန်တီတို့က Thailand, Bangkok မှာရှိတဲ့ အန်တီ့မိတ်ဆွေ Mr. & Mrs. Sak တို့နဲ့အတူ Panama မှာ  Private Company တစ်ခုကို မှတ်ပုံတင်ဖွဲ့စည်းခဲ့ကြတာပါ၊ Trading လုပ်ငန်းတစ်ခုအရ Foreign buyer Company တစ်ခုအဖြစ် စာချုပ်ချုပ်ဆိုဝယ်ယူပေးရန်လိုအပ်သည့်အတွက် အဲဒီ နိုင်ငံခြားဖက်စပ်ကုမ္ပဏီတစ်ခုကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်၊ အဲ့ဒီအချိန်တုန်းက Overseas Trading တွေမှာ ၁၀၀% ရာနှုန်းပြည့် Payment ကို TT ဖြစ်ဖြစ်၊ LC ဖြစ်ဖြစ် အရင်ဖွင့်ပေး၊ ပို့ပေးမှရတယ်၊ ငွေအရင် ပို့ပေးရတယ်ပေါ့၊ အန်တီတို့ export လုပ်သူရဲ့ ငွေစာရင်းထဲကို ရောင်းချလိုက်တဲ့ကုန်ပစ္စည်းတန်ဘိုးငွေရောက်မှ ကုန်သွယ်မှုဘဏ်ရဲ့ထောက်ခံချက်နဲ့ ပို့ကုန်စင်လျှောက်လို့ရတယ်၊ အန်တီတို့ရဲ့ buyer နိုင်ငံဖက်ကလည်း Cash on delivery ပုံစံ၊ ပစ္စည်းရောက်မှ ငွေပေးလို့ရတဲ့စံနစ်၊ ဒါကြောင့် အခု PANAMA မှာ အသစ်ဖွဲ့စည်းလိုက်တဲ့ အန်တီတို့ရဲ့ နိုင်ငံခြားဖက်စပ်ကုမ္ဗဏီကကြားခံပြီး ကိုယ့်ငွေနဲ့ ကိုယ်တင်ပို့ရောင်းချမဲ့ ကုန်ပစ္စည်းအတွက် ပစ္စည်း တန်ဘိုး 100% ကို အရင် အန်တီတို့ဘဏ်ငွေစာရင်းထဲသို့ အရင်ပို့၊ ပြီးမှ Export License လျှောက်ပြီးမှ ကုန်ပစ္စည်းကို အမှန်တကယ်ဝယ်ယူသူ buyer ရဲ.destination country သို့တင်ပို့ရပါတယ်၊ ဒါကြောင့် လုပ်ငန်း လိုအပ်ချက်အရ Corporate Tax အခွန်ကင်းလွတ်ခွင့်ရှိတဲ့ panama လိုတိုင်းပြည်မျိုးမှာ ကုမ္ဗဏီ သစ်တစ်ခု ကိုထပ်မံမှတ်ပုံတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်၊ Master Timber Corporation ဆိုတဲ့ ကုမ္ပဏီပါ၊ ဒီ ကုမ္ပဏီဖွဲ့စည်းမှုကိုလည်း အဲဒီအချိန်က အန်တီတို့မိတ်ဆွေ ယိုးဒယားလူမျိုး Mr. Sak ကပဲ တာဝန်ယူပြီး ဆောင်ရွက်ပေးခဲ့တာပါ၊ သူကိုယ်တိုင်ကလည်း pronounced business man တစ်ဦးပါ၊ သူ့ရဲ့ Furniture show room သို့ မြန်မာပြည်က သက်ဆိုင်ရာဝန်ကြီးနဲ့ ဌာနဆိုင်ရာအကြီးအကဲ အချို့ကို ဖိတ်ကြားပြီး မိတ်ဆက် ပြသပေးခဲ့ဘူးပါတယ်၊ လက်မှတ်ရေးထိုးပွဲအခမ်းအနားကိုတောင် Bangkok မှာ တရားဝင်အခမ်းအနား နဲ့ ကျင်းပဆောင်ရွက်ခဲ့ဖြစ်ပါတယ်၊ တရားဝင်လုပ်ငန်းအတွက် Double Taxation ဖြစ်မှာစိုးလို့ Tax Examption ပေးတဲ့နိုင်ငံမှာ တရားဝင် Law Firm မှတဆင့် တရားဝင် Register ပြုလုပ်ဖွဲ့စည်းခဲ့တာပါ၊ အခုကိစ္စမှာလည်း Panama မှာရှိတဲ့ အန်တီတို့ Company Registration လုပ်ခိုင်းတဲ့ Law Firm ကတဆင့် Computer data  breaking ဖြစ်ရာကနေ သတင်းအချက်တွေထွက်လာပုံရပါတယ်၊ အဲဒီ Law firm ရဲ့ client list ပါ ပုဂ္ဂိုလ်အမည် တွေကို ဆွဲထုတ်ပြီး ထင်ယောင် ထင်မှားပုံစံဖြစ်အောင် ရေးသားတင်ဆက် ထားတာပါ။ 

မေး ။          ။ ကျွန်တော်တစ်ခုပြောချင်တာက panama မှာ သွားလုပ်ဖြစ်တာ panama ရဲ့ စီးပွားရေး ဥပဒေကို ကြိုက်လို့ သွားလုပ်ဖြစ်တာပါလား။ 

ဖြေ ။       ။ panama  ကအမှန်အတိုင်း ပြောရရင် အမေရိကတိုက်မြောက်ဖက်ခြမ်းမှာရှိတဲ့ United States of America, Mexico, Guatemala, Costa Rica စသည့်နိုင်ငံများနဲ့ တောင်ဖက်ခြမ်းမှာရှိတဲ့ Colombia,  Venezuela, Brazil စတာတွေကို ဆက်ထားတဲ့ ကျွန်းသွယ်နိုင်ငံလေးဖြစ်ပြီး၊ ကူးသန်းရောင်းဝယ်ရေးအတွက် အင်မတန်အသုံးဝင်လှတဲ့ Panama Canal ကိုသူ့ဒေသတွင်းကနေ ဖြတ်ဖောက်ထားတာကြောင့် စီးပွားရေးအရ Strategic location မှာရှိလို့နေပါတယ်၊ အဲလို မဟာဗျူဟာကျတဲ့ ပထ၀ီတည်နေရာအနေအထား မှာရှိနေတဲ့ အတွက် သူတို့ရဲ့နိုင်ငံကို Investment များများဝင်အောင်၊  Fund Transactions  မှာလဲ တော်တော်လေး လွတ်လပ်ခွင့်ပေးထားပါတယ်။ ဒါ့အပြင် Free Trade Zone တွေ၊ Tax Holiday ခံစားခွင့်တွေ၊ Tax Exemption (အခွန်ကင်းလွတ်ခွင့်) တွေစသည်ဖြင့် သူတို့နိုင်ငံကို စီးပွားရေးလာလုပ်ချင်အောင်၊ စိတ်ဝင်စား အောင်ဆွဲဆောင်မှုအဖြစ်ပေးထားကြတဲ့အပြင် Paper trail လည်းနည်းပါးတဲ့အတွက် PANAMA လိုနေရာမျိုး မှာ  Big amount of money transaction တွေ လုပ်လာကြတယ်၊ ဒီမှာတင် ဥပဒေနဲ့မလွတ်ကင်းတဲ့ ကုန်သွယ်မှုလုပ်ငန်းကြီးတွေပါလာပြီး၊ တရားမ၀င်ကုန်ပစ္စည်းရောင်းဝယ်ဖောက်ကားမှုတွေ၊ ငွေဖြူငွေမဲဆိုင်ရာ ငွေကြေးခ၀ါချမှုလုပ်ငန်းတွေ လုပ်ကိုင်မှုများလာတယ်။ အန်တီတို့အနေနဲ့ကတော့ အဲဒီမှာ မှတ်ပုံတင်ဖွဲ့စည်း လိုက်တဲ့ ကုမ္ပဏီက ပုံမှန် Timber Trading လုပ်ငန်းလုပ်တဲ့ ကုမ္ပဏီမျှသာဖြစ်ပါတယ်။ ကိုယ့်လုပ်ငန်း ရဲ့ ၀င်ငွေတစ်ခုအပေါ် (Double Taxation) အခွန်နှစ်ခါဆောင်တာမဖြစ်ရအောင် PANAMA လိုမြို့မှာ ကုမ္ပဏီသစ် တစ်ခုကို မှတ်ပုံတင် ဖွဲ့စည်းလိုက်ရတာပါပဲ၊ အခြားသောမူးယစ်ဆေးဝါးတို့၊ ဥပဒေနဲ့မလွတ်ကင်းတဲ့ ကုန်သွယ်မှု လုပ်ငန်းတို့ကို လုပ်ဖို့ဖွဲ့စည်းတာမဟုတ်ပါဘူး၊ စိတ်ကူးထဲမှာတောင်မရှိခဲ့ဖူးဘူး၊ နိုင်ငံခြားကုမ္ပဏီတစ်ခုကို  Panama နိုင်ငံရဲ့ တည်ဆဲဥပဒေအရ Register သွားလုပ် ခြင်းသာ ဖြစ်ပါတယ်။  အဲဒီမှာဖွဲ့စည်းလိုက်တဲ့ Master Timber Corporation အနေနဲ့ကတော့ အပေါ်မှာအန်တီရှင်းပြခဲ့သလို ကြားခံကုမ္ပဏီအဖြစ် (ဥပမာ) ကုန်ပို့သူ အန်တီတို့ SI Co., Ltd. နဲ့ ကတော့ Overseas buyer အဖြစ် စာချုပ် ချုပ်ဆိုဝယ်ယူကာ ငြွေကိုပို့လွဲဆောင်ရွက်ပေးပြီး၊ အမှန်ပြန်လည်ဝယ်ယူသူ ကုမ္ပဏီနဲ့ကတော့ ကြားခံကုန်သည် အဖြစ် ကုန်ကို FOB Yangon စံနစ်ဖြင့် ပြန်လည် ရောင်းချသူပေါ့၊ အန်တီတို့အနေနဲ့ မြန်မာပြည်က ကျွန်းမဟုတ်တဲ့ အခြားသစ်မာသစ်လုံးကို တန်းဖိုးမြှင့်သစ်အချောထည်ပစ္စည်းအဖြစ်ထုတ်လုပ်ပြီး ပြန်လည် တင်ပို့တဲ့ Export လုပ်ငန်းအတွက် လုပ်ငန်းလိုအပ်ချက်အရ ကြားခံကုမ္ပဏီအဖြစ် အသုံးပြုရန် ဖွဲ့စည်းခဲ့ တာဖြစ်ပါတယ်၊  ဒါပေမဲ့ အဲ့ဒီအချိန်က MTE အနေနဲ့ သစ်လုံးတင်ပို့ရောင်းချမှုက အချိန်တိုကာလ အတွင်း ၀င်ငွေမြန်မြန်ရရှိတာကြောင့် သစ်လုံးတင်ပို့မှုက အရှိန်ရအားသာနေပြီး၊ သစ်လုံး ကုန်ကြမ်းဈေး ကြီးမြှင့်တာ ကြောင့် International Market ဈေးမကိုက်တော့ပဲ၊ ကွန်တိန်နာ (၂) လုံးစာ လောက်သာ export တင်ပို့နိုင်ခဲ့ပြီး အဲဒီလုပ်ငန်းကို တွင်တွင်ကျယ်ကျယ် ဆက်မလုပ်ဖြစ်တော့ပါဘူး။  ဒါပေမဲ့ Wood-based Industry Estate တစ်ခုကို တောင်ဒဂုံမှာ အန်တီတို့နဲ့ မြန်မာ့သစ်လုပ်ငန်းတို့ပူးပေါင်းပြီး နိုင်ငံတကာက လာရောက်ရင်းနှီးကာ တန်ဘိုးမြှင့်သစ်အခြေခံအချောထည်စက်ရုံတည်ဆောက်ကြမဲ့သူများကို အန်တီတို့ဘက် က (၆)လပျှမ်းမျှ တစ်ဒါဈေးနှုန်းဖြင့် ကုန်ကြမ်းလိုသလောက်ရောင်းချပေးသွားမယ်ဆိုတဲ့အစီအစဉ်ဖြင့် ဆောင် ရွက်ခဲ့ပါတယ်။ ပြောခဲ့တဲ့ Trading လုပ်ငန်းကိုတော့ ဆက်မလုပ်ဖြစ်တော့ပါဘူး။
နောက်တစ်ခုပြောပြချင်တာက နာမည်ကြီး ပြည်ပသတင်းထောက်တစ်ယောက်ကလည်း  အန်တီရဲ့ Facebook friend တစ်ဦးဖြစ်ပြီး၊ နောက်ပိုင်း သူနဲ့ chat box ကနေ အဆက်အသွယ်ရလို့ရှင်းပြတာကြောင့် အန်တီပြန် သိရတာပါ၊ သူ့ကို ဒီ Panama သတင်းအပေါ် ပြည်ပသတင်းစာစောင်တွေမှာ လူအများစိတ်ဝင်စားစရာ သတင်း အဖြစ် အန်တီတို့ကိစ္စကို stress out လုပ်ပြီးအကျယ်တ၀င့်ရေးသားဖော်ပြဖို့ အကြံပြုတိုက်တွန်းသူရှိခဲ့ကြောင်း၊ သို့သော် သူ စဉ်းစားဆင်ခြင်မိသည်မှာ ဒီအကြောင်းကိုရေးသားဖော်ပြခြင်းမပြုမှီ ဒီကိစ္စအပေါ်သေသေချာချာ စုံစမ်း စစ်ဆေးပြီး သတင်းအပြည့်အစုံကိုရယူပြီးမှသာ သတင်းအမှန်ကို ရေးသားဖော်ပြသင့်၊ မသင့် စဉ်းစားမည် ဆိုပြီး သူ့အနေနဲ့ဆုံးဖြတ်ခဲ့ကြောင်း၊ facebook စာမျက်နှာတွေပေါ်မှာ အန်တီ့ကို မကြာခဏတွေ့မြင်ရပြီးတော့ လူမှုရေးကွန်ယက်ကျယ်ပြန့်စွာဖြင့် ပရဟိတ္တလုပ်ငန်းတွေလုပ်ဆောင်လေ့ရှိသူ အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင် တစ်ဦးလည်းဖြစ်တဲ့အတွက် ကောလဟာလသတင်းဖြင့် အကျယ်ချဲ့မရေးသင့်ဟုယူဆမိကြောင်း၊ သတင်း အမှန်မဟုတ်ခဲ့ရင် အန်တီ့အတွက်နစ်နာထိခိုက်ဖွယ်ရာဖြစ်နိုင်ရုံသာမက သတင်းထောက်ကျင့်ဝတ်နှင့်လည်း မကိုက်ညီကြောင်း၊ ဒါကြောင့်လည်းအန်တီနဲ့ပတ်သက်ပြီးတော့ ဒီ Panama ဆိုင်ရာသတင်း အချက်အလက် တွေကိုပိုပြီး ရယူစုဆောင်းခဲ့ကြောင်း၊ အန်တီတို့နဲ့  ပတ်သက်တဲ့ Master Timber Corporation ရဲ့ Corporate activities တွေ၊ Bank Transaction, Investment, Taxation စသည်ဖြင့် Panama မှာရှိတဲ့ Data တွေရသလောက် အကုန်ဆွဲထုတ်လိုက်တဲ့အခါမှာ ထောက်ပြရမဲ့တရားမ၀င်လှုပ်ရှားမှု တစ်ခုမှမတွေ့ရှိရပါ ကြောင်း၊  အန်တီတို့ကုမ္ပဏီအနေနဲ့ Panama မှာ ပုံမှန် Foreign Company Registration လုပ်ရုံလေးနဲ့ အများထင်သလို တရားမ၀င်အလုပ်တွေ၊ မှောင်ခိုအလုပ်တွေ၊ Money laundering လုပ်ငန်းတွေ လုပ်တာ မဟုတ်ဘူးဆိုတာကို အတိအကျသိရှိသွားလိုက်ရပါကြောင်း၊ ဒါကြောင့်လည်း သူတို့အဖွဲ့ကို ပြန်လည်ရှင်းပြ ပေးခဲ့ပြီးဖြစ်ပါကြောင်း အန်တီ့ကို အကျယ်တ၀င့်ရှင်းပြသွားလို့ အဲ့ဒီသတင်းထောက်ကို ကျေးဇူးများစွာ တင်ရှိခဲ့ရပါတယ်၊ မေတ္တာပို့ပေးပြီး သူ့လိုကိုယ်ချင်းစာနာစိတ် အများကြီးရှိပြီး ကျင့်ဝတ်စောင့်ထိန်းတဲ့ သတင်းထောက်တွေအများကြီး ရှိပါစေလို့ ဆုတောင်းမိပါတယ်။

မေး ။      ။ အန်တီက ဒီမှာ အမျိုးသမီးလဲဖြစ်တယ် ပြီးတော့စီးပွားရေးလုပ်ငန်းတွေလဲ အများကြီး လုပ်တယ် ဆိုတော့ အန်တီရဲ့ စီးပွားရေးလုပ်ငန်းကို တချက်လောက်ပြောပြပေးပါ။                                                                  
ဖြေ ။         ။ အန်တီက လောလောဆယ် SI Group of Companies ရဲ့ မန်နေးဂျင်းဒါရိုက်တာပါ။ အတိုချုပ် ပြောရရင် SI Group of Companies ကို အန်တီနဲ့ (လွန်ခဲ့သော ၉နှစ်ခန့်က သွေးကင်ဆာနဲ့ ကွယ်လွန်သွားခဲ့တဲ့) ခင်ပွန်းဟောင်းဦးမောင်မောင်ဆွေတင်တို့ ၁၉၉၂-၁၉၉၃ ခုနှစ်လောက်က စခဲ့တာပါ။ အန်တီက ၁၉၉၀ ခုနှစ်မှာ ဆရာဝန်ဘွဲ့ကို ဆေးတက္ကသိုလ်(၁)ရန်ကုန်မှ ရရှိခဲ့ပြီးနောက်၊ ၁၉၉၂-၁၉၉၃ ခုနှစ် လောက်မှာ Services International (SI) Co., Ltd. ကို စတင်တည်ထောင်ခဲ့ပြီး Trading နဲ့ Real Estate Development လုပ်ငန်းများကိုစတင်လုပ်ကိုင်ခဲ့ပါတယ်၊ ပြီးတော့ ကုမ္ပဏီသစ်နောက်တစ်ခု Pioneer Services International Co., Ltd. (PSI) ကို ရင်းနှီးတဲ့ဆရာဝန်ကြီးများနှင့်အတူ ပူးပေါင်းဖွဲ့စည်းတည်ထောင်ပြီး၊ ဗဟိုစည်ဆေးခန်းကို စတင်ဆောင်ရွက်လုပ်ကိုင်ခဲ့ပါတယ်၊ အခုတော့ ကုတင် ၁၈၀ ဆန့် ဗဟိုစည်ဆေးရုံပေါ့၊ နောက်ပြီးတော့ ၁၉၉၈-၁၉၉၉ လောက်မှာ Green Revolution ဆိုပြီးတော့ ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်၊ စံကင်းကျွန်း၊ ရေကြီးကွင်း၊ ရေနက်ကွင်းလယ်ယာမြေဖော်ထုတ်စိုက်ပျိုးရေးစီမံကိန်း၊ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်မှာ မြေလွတ် မြေလပ်ဖော်ထုတ်စိုက်ပျိုးရေးစီမံကိန်း၊ နဲ့ တနင်္သာရီတိုင်း၊ ကော့သောင်ခရိုင်၊ ခမောက်ကြီးဒေသမှာ ဆီအုန်း စိုက်ပျိုးရေးစီမံကိန်းများကိုဆောင်ရွက်ဖြစ်ခဲ့တယ်၊ ၂၀၀၇ ခုနှစ်မှာ အန်တီခင်ပွန်း ဟောင်းကွယ်လွန်ပြီးနောက်ပိုင်း၊ ၂၀၀၉-၂၀၁၀ ခုနှစ်လောက်မှာ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် အတွင်းမှာ Stark Industry (SI) Co.,Ltd. အမည်နှင့် မလေးရှားနိုင်ငံ ဆီအုန်းကုမ္ပဏီတစ်ခုနဲ့ပူးပေါင်းပြီး Myanmar Stark Prestige Plantation (MSPP) Co., Ltd. ကို ဖွဲ့စည်းတည်ထောင်ကာ မြန်မာနိုင်ငံရင်းနှီး မြှပ်နှံမှုကော်မရှင်ရဲ့ တရားဝင်ခွင့်ပြုချက်ဖြင့်  ဆီအုန်းစိုက်ပျိုးရေးနှင့် ဆီကြမ်း(CPO)၊ စားအုန်းဆီ (edible Palm Oil) ထုတ်လုပ်ရေးစီမံကိန်း၊ သတ္တုနဲ့ သစ်ထုတ်လုပ်ငန်းများကို စတင်လုပ်ကိုင်ဖြစ်ခဲ့ပါတယ်၊ ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ အန်တီတို့မိသားစု အပိုင် TAG Co., Ltd. ကတော့ ၂၀၀၈-၂၀၀၉ ခုနှစ်ပိုင်းလောက်ကစပြီး Property Development ကို ကိုယ်ပိုင်မြေပေါ်မှာဆောက်လုပ်ပြီး အန်တီတို့ကိုယ်တိုင်စီမံခန့်ခွဲတဲ့ ဆောင်ရွက်မှု ပုံစံလုပ်ကိုင်ဖြစ်လာခဲ့တယ်၊ 
၂၀၁၃-၂၀၁၄ ခုနှစ်လောက်မှာတော့ Women's Treasure ဆို့တဲ့ Silk & Accessories ဆိုင်တစ်ဆိုင်ကို အန်တီတို့ သူငယ်ချင်း (၃) ဦးပေါင်းပြီးတော့ ဖွင့်ဖြစ်တယ်၊ ကိုယ်တိုင်လည်းဝတ်၊ လက်ဆောင်လည်းပေး၊ အန်တီတို့အမျိုးသမီးတွေကို လှပဆန်းသစ်တဲ့ ပိုးထည်၊ ချည်ထည်လေးတွေနဲ့ ဈေးနှုန်းချိုသာမှန်ကန်စွာဖြင့် မြန်မာဆန်ဆန်လှပသပ်ရပ်စေဖို့ပေါ့။ ပြီးတော့အဲဒီ Sway Tin Family Trading Co., Ltd. က အလျှင်သင့် သလို Trading အလုပ်လေးတွေလည်းလုပ်ဖြစ်ပါတယ်။

ဒါပေမယ့် အန်တီကို အဲဒီအချိန်က အဓိက လက်တွဲခေါ်တာကတော့ အန်တီ့ ဖေဖေကဘဲ ။  ဖေဖေက ပြောရ ရင် စီပွားရေးလုပ်ငန်းရှင် မဟုတ်ဘူး။ ဖေဖေကဆောက်လုပ်ရေးလုပ်ငန်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ဒုတိယဦးစီးအရာရှိချုပ် မေမေကလည်း ဆရာမ ကျောင်းဆရာမ တစ်ယောက်ဘဲ ။ ဒါပေမယ့် ဖေဖေက ဘယ်လိုပြောရမလဲ ငွေစာရင်းဌာနမှာ အကြီးအကဲ တစ်ယောက်ဖြစ်တဲ့အတွက် ဘာဘဲပြောပြော သမီးလုပ်နေတဲ့အခါမှာ သူ အများကြီး အန်တီကို လက်တွဲပေးနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ project တစ်ခုလုပ်မယ်ဆိုရင် အဓိက connection က အဓိကဘဲ ဆိုတော့ ဖေဖေက အနောက်ကနေပြီးတော့ ထောက်ပံ့ ပေးသလို သူရဲ့  သူငယ်ချင်းတွေက အဲဒီမှာ ဌာနဆိုင်ရာတွေထဲမှာလဲ ရှိ တော့ အကုန်လုံးကို အပ်ပေးတယ်။့  စီးပွားရေးလုပ်ငန်းတွေမှာ သွားတယ်ဆိုရင် အန်တီ့ဘေးနားမှာ ဖေဖေက တကယ်ကို မားမားမတ်မတ် ရပ်တည်ပြီးတော့ အန်တီနဲ့ အတူသွားခဲ့ဘူးတယ် ။ ဒါပေမဲ့လည်း ဖေဖေ ပင်စင်ယူပြီးတော့ ၁ နှစ် မှာ  cancer နဲ့ဘဲ ၁၉၂၉ မှာ ဖေဖေဆုံးသွားတယ်ပေါ့နော်။ ဖေဖေဆုံးသွားပြီးတဲ့နောက်မှာ အန်တီ
တော်တော်လေးကို ညာလက်ရုံးပျက်သွားသလို ဘယ်လိုပြောရမလဲ။  အန်တီက မောင်နှမလဲနည်းတယ်လေ အဲဒီတုန်းကတော့ ညီမလေးတစ်ယောက်ရှိပါတယ်။ ဒါပေမယ့် သူကအစထဲကလဲ အေးတဲ့အတွက် ဘယ်လုပ်ငန်းမှမပါဘူး။ သူကအိမ်မှာဘဲနေတာပေါ့နော်။ အဲဒီတော့ ကိုယ်တစ်ယောက်ထဲလိုဘဲ လုပ်ရတယ်။ ပြီးတော့ ကွယ်လွန်သွားတဲ့ အမျိုးသားကလဲ  သူက professional electronic engineer တစ်ယောက်ဖြစ်တဲ့အတွက် သူကစီးပွားရေးလုပ်ငန်းကို    အာရုံ သိပ်မထားဘူးပေါ့နော် ။ သူဝါသနာပါတဲ့ electronic  engineering လုပ်ငန်းကိုဘဲ သူတက်အားသလောက် လုပ်ပေးတယ်။  ဒီဘက်ကစီးပွားရေးလုပ်ငန်းမှာ အန်တီအနေနဲ့ အမျိုး
သမီးတစ်ယောက်ဖြစ်တဲ့အတွက် တော်တော်လေးကို အခက်အခဲရင်ဆိုင်ရပြီး တော်တော်ကျော်လွှားခဲ့ရပါတယ်။ အမှန်တိုင်းပြောရရင်  စီးပွားရေးမှာလည်း ကိုယ်အဖေက ကုမ္ဗဏီပိုင်ရှင်ကြီး အဲဒီလောက်ကြီး
လလည်းမဟုတ်ပါဘူး။ အန်တီက ကံကောင်းတာက အန်တီအမျိုးသမီးလုပ်ငန်းရှင်ဖြစ်တဲ့အတွက် သွားတဲ့နေရာတိုင်းမှာ ဖေးမကူညီပြီးတော့ လက်တွဲခေါ်တဲ့အတွက် အဲဒီအချိန်တုန်းကတာဝန်ရှိတဲ့ လူကြီးတွေကို အန်တီ အတော်လေးကျေးဇူးတင်ပါတယ်။ အမှန်အတိုင်းပြောရရင် အန်တီဘာမှလဲမဟုတ်ပါဘူး။ အန်တီကြိုးစားတယ် အမျိုးသမီးတစ်ယောက်အနေနဲ့  ယောက်ျားလေးတွေနဲ့ ရင်ဘောင်တန်းပြီးတော့ အန်တီလုပ်ခဲ့တယ်။ တာဝန်ရှိတဲ့လူကြီးတွေက အန်တီကို အများကြီးလက်တွဲခေါ်တယ်။ နေရာပေးခဲ့တယ်။ အဲဒီလိုမျိုးလက်တွဲခေါ်တဲ့အတွက် ဒီလောက်အထိ စီးပွားရေးလောကမှာ ဒီနေ့ဒီအချိန်အထိ နာမည်ပျက်မရှိ ရပ်တည်နိုင်ခဲ့တာပေါ့နော်။
အခု အန်တီပြောရရင် အန်တီရဲ့ လက်ရှိခင်ပွန်းက ကိုမင်းသိန်းဌေးပေါ့နော်။ သူကလဲ အန်တီနဲ့ အခုအိမ်ထောင်ကျတာ နှစ်နှစ်ကျော်ပါပြီ။ အခုအချိန်မှာတော့ အန်တီတို့က အများကြီးအသက်မကွာတဲ့အတွက်ကြောင့် အများ
ကြီး supporting ဖြစ်တယ်။ သမီးတွေကလဲပြန်ရောက်လာပြီးဆိုတော့ အခုအချိန်မှာတော့ အလုပ်လုပ်ရတာ  ပိုပြီးတော့ တက်ညီလက်ညီပေါ့နော်။ အဲဒီလိုလေးလဲပိုပြီးတော့ခံစားရပါတယ်။ နောက်ပြီးတော့ စီးပွားရေးလောကမှာလဲ   ကိုယ်ရဲ့ကံကလည်းအများကြီး အရေးပါတယ်။ ကိုယ်ကြိုးစားတိုင်းလဲ ကံမပါရင်တော်တော်မလွယ်ဘူးဆိုတော့ ကံ ၊ ဥာဏ်၊ ၀ီရိယ သုံးပါးအကုန်လုံးပြည့်စုံမှ ဖြစ်တာဖြစ်တဲ့အတွက်  အန်တီကတော့ ယုံကြည်ပါတယ်။ ပြီးခဲ့တဲ့လုပ်ငန်းတွေ အခုလက်ရှိလုပ်ငန်းတွေ အမှန်အတိုင်းပြောရရင် ကိုယ်ရဲ့ကံလဲ ၅၀ ရာခိုင်နှုန်းလောက် အရေးကြီးတယ်။ သို့သော် ကံကြီးဘဲလဲပုံချလိုမရဘူး။ တွေ့လာတဲ့ အခွင့်အရေးကို ကိုယ်ရအောင်ဆောင်ရွက်ဖို့က  ကိုယ်ကအမြဲတမ်း အသင့်ဖြစ်နေဖို့လိုတယ်။ အဲဒီအတွက်ကြောင့်တကယ် ဇွဲလုံးလ၀ီရိယက တကယ်အရေးကြီးတယ်။ တစ်ချိန်ထဲမှာဘဲ ဒီကံကြမ္မာက ပေးတဲ့ အခွင့်အလမ်းတွေအားလုံးပေးရင် တော့ အန်တီသမီးတွေလည်းအမြဲတမ်းပြောပါတယ်။ ဒါဘယ်တော့မှလဲ အမျိုးသမီးတစ်ယောက်အနေနဲ့  ကိုယ်ဘာကိုယ် အားမငယ်ဘဲနဲ့ ဘယ်သူကိုယ်မှာလဲ အထင်းကြီးစရာမလိုသလို ဘယ်သူကိုယ်မှလဲ အထင်းသေးစရာ အကြောင်းမရှိဘူး။အဲဒီတော့ သေသေချာချာလေးအမှားအမှန် အဓိကတော့ ကိုယ်ရဲ့ အားနည်းချက် အားသာချက် သေသေချာချာသိပြီးတော့ သွားဖို့ လိုတာပေါ့။ အဲဒါဆိုရင်တော့ အများကြီးအမှားနည်းပေါ့ ဒါပင်မဲ့ လုပ်ငန်းကတော့ အန်တီတို့ အများကြီးသင်သွားပါတယ်။ဒါလုပ်ငန်းကပေးတဲ့ အတွေ့ အကြုံနဲ့ အန်တီ ဒီနေ့ ဒီအချိန်အထိ ဒါအခုလိုရပ်တည်နိုင်တာလည်းအများကြီးပါတယ်။

Tags: 

Contact

General Inquiries

Please use this email address to contact me by email.

ceomoenaymin@mmcities.com

Connect with me