03 Mar 2016

အဆာပြေစာ အနည်းငယ်စားခြင်း
ဗိုက်ထဲမှာ အစာမရှိဘဲ လေ့ကျင့်ခန်းလုပ်တာထက် ခန္ဓာကိုယ်အတွက် စွမ်းအင်ရဖို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာ နည်းနည်းစားပြီး လုပ်တဲ့အခါ ဗိုက်ဆာတဲ့ဒဏ်ကို ခံနိုင်ရည် ရှိစေပါတယ်။ အသီးအနှံ ဒါမှမဟုတ် ကွေကာအုပ်အနည်းငယ်ကို လေ့ကျင့်ခန်းမလုပ်ခင် စားပေးနိုင်ပါတယ်။

အစာစားချိန်နှင့် ချိန်ကိုက်ပြီး လေ့ကျင့်ခန်းယူခြင်း
လေ့ကျင့်ခန်းလုပ်ပြီးတာနဲ့ အစာစားချိန်အံကိုက်ဖြစ်အောင် ချိန်ကိုက်ပြီးလုပ်တဲ့အခါ ထမင်းစားချိန်မတိုင်ခင် အစားတွေ အရမ်းမစားမိအောင် ကာကွယ်ပြီးသားဖြစ်စေပါတယ်။ တစ်ခုသတိထားဖို့လိုတာကတော့ လေ့ကျင့်ခန်းလုပ်ပြီး ထမ်းစားချိန်ရောက်သွားတော့ မောမောနဲ့ ခါတိုင်းစားတဲ့ပမာဏထက် ပိုမစားမိအောင်ပါ။

ရေဓါတ်ပြည့်ဝနေစေခြင်း
အချိန်အကြာကြီး ပင်ပင်ပန်းပန်းလေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ ခန္ဓာကိုယ်ထဲက ရေဓါတ်တွေ ဆုံးရှုံးသွားတဲ့အတွက် ရေအ၀သောက်ထားမယ်ဆိုရင် အစားတွေအများကြီး မစားမိအောင် ကာကွယ်ပြီးသားလည်း ဖြစ်စေပါတယ်။

နို့တစ်ခွက်သောက်ပေးခြင်း
လေ့ကျင့်ခန်းယူပြီးတဲ့အခါ အဆီထုတ်ထားတဲ့ နွားနို့ ဒါမှမဟုတ် ပဲနို့ရည်သောက်ဖို့လိုအပ်ပါတယ်။ အားဖြည့်အချိုရည်တွေ သောက်တာထက် နွားနို့၊ ပဲနို့သောက်တာဟာ ကြွက်သားတွေ သန်မာစေဖို့အသားဓါတ် လုံလောက်စေပြီး အဆာခံနိုင်ဖို့ထောက်ကူပေးပါတယ်။

ကယ်လိုရီပြန်မတက်ပါစေနှင့်
လေ့ကျင့်ခန်းလုပ်လို့ လောင်ကျွမ်းသွားတဲ့ ကယ်လိုရီပမာဏဟာ လေ့ကျင့်ခန်းအပြီးမှာ စားလိုက်တာတွေကြောင့် နှစ်ဆထပ်တက်မသွားဖို့တော့ သတိထားရပါမယ်။

မျှော်လင့်ချက်တွေ အများကြီး မထားမိစေနှင့်
ချွေးတလုံးလုံး ထွက်လာတာဟာ ကယ်လိုရီတွေ အများကြီး လောင်ကျွမ်းသွားတာကို ပြတဲ့လက္ခဏာ မဟုတ်ဘူးဆိုတာ သိထားသင့်ပါတယ်။ ၂ နာရီလောက် လေ့ကျင့်ခန်းယူတာဟာ ကိုယ်အလေးချိန်တွေ အများကြီး ကျသွားတာမျိုးမဟုတ်ဘဲ ထပ်ဝဖို့ အလားအလာလည်း ရှိတာမို့ အထက်ကပြောခဲ့တဲ့ အချက်တွေရှောင်ရဲ့လားဆိုတာ ပြန်စဉ်းစားဖို့လိုပါပြီ။

Ref: wellnessbin

Contact

General Inquiries

Please use this email address to contact me by email.

ceomoenaymin@mmcities.com

Connect with me