09 Oct 2016

 

ဖေ့စ်ဘွတ်မှာ ၀၀တုတ်တုတ်နဲ့ ချစ်စရာကောင်းတဲ့မျက်နှာ၊ ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေနဲ့ နာမည်ကြီးနေတဲ့ ဘီဘိုလေး မြန်မာပြည်ကို လာခဲ့စဉ်က ဘီဘိုလေးရဲ့ မိခင်ဖြစ်သူက မြန်မာပြည်ကို သူလာဖြစ်ပုံနဲ့ ပတ်သက်ပြီး "မင်္ဂလာပါ။ ကျွန်မ မြန်မာနိုင်ငံကို ဘာဖြစ်လို့လာလဲဆိုတော့ စူးစမ်းချင်စိတ်နဲ့ လာကြည့်တာပါ။ ဘာဖြစ်လို့ လာကြည့်လဲဆိုရင် message box ကနေ ဘီဘိုလေးကို မြန်မာပြည်ခေါ်လာဖို့ တောင်းဆိုကြတယ်။ မြန်မာပြည်က လူတွေ သားလေးကို အဲဒီလောက် ချစ်ကြမယ်မှန်းလဲ မယုံဘူး။ အဲဒါကြောင့် ဘီဘိုလေးအတွက် လာကြည့်ချင်သွားတာပါ။ ဒါပေမယ့် လေယာဉ်ကွင်းရောက်မှ အဲဒီလောက် လူတွေအများကြီး ဘီဘိုလေးကို လာကြိုတာကို တကယ်အံ့သြမင်သက်သွားတယ်။ အဲဒီလောက် ချစ်ကြမယ်လို့ မျှော်လင့်မထားတော့လေ။ အရမ်းဝမ်းသာသွားပါတယ်။" ဟု ပြောပြခဲ့ပါတယ်။ 

ပရိဟိတ လုပ်တာနဲ့ ပတ်သက်ပြီးတော့လည်း "ပရဟိတကတော့ အရင်တုန်းက ကျွန်မ ဘ၀က အခုလို ကောင်းကောင်းမွန်မွန်မနေခဲ့ရတုန်းကတော့ မလုပ်ဖြစ်သေးပါဘူး။ နောက်ပိုင်း ပိုက်ဆံအပိုဝင်ငွေလေးတွေ စုဖြစ်လာတဲ့နောက်ပိုင်းမှာတော့ လုပ်ဖြစ်လာတယ်။ ပြီးတော့ သူငယ်ချင်းတွေနဲ့လဲ စုပြီး လှူဖြစ်တယ်။ အဲဒီမှာ သူငယ်ချင်းတွေ မအားရင် ကျွန်မကိုယ်တိုင်ပဲ သွားလှူဖြစ်တာ များပါတယ်။ အခုနောက်ပိုင်းတော့ တော်တော်များများ ပရဟိတတွေ လုပ်ဖြစ်ပါတယ်" ဟု ပြောပြသွားခဲ့ပါတယ်။

ဘီဘိုလေးရဲ့ ရှေ့ရေးနဲ့ ပတ်သက်ပြီးတော့လည်း " ဘီဘိုလေးရဲ့ ရှေ့ရေးကို မိခင်တစ်ယောက်အနေနဲ့ သူဖြစ်ချင်တဲ့ ဆန္ဒပေါ်မူတည်ပြီး သားလေးအတွက် အကောင်းဆုံးကြိုးစားသွားမှာပါ။ မြန်မာနိုင်ငံက ပြည်သူတွေကိုလည်း ဘီဘိုလေးကို အခုလို ချစ်ခင်ကြတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်။" ဟု ထပ်ဆင့်ပြောပြခဲ့ပါတယ်။

Contact

General Inquiries

Please use this email address to contact me by email.

ceomoenaymin@mmcities.com

Connect with me