01 Jan 2016

၁ - သံပုရာရည်အား လိုသောနေရာလိမ်း၍ ခြောက်ပါက ရေအေးဖြင့်ဆေးပေးပါ ။ စပ်ဖြင်းဖြင်းခံစားမှုက သင့်မျက်နှာပေါ်က ပိုးမွှားတွေကို ကုစားပေးနေတာဖြစ်လို့ သည်းခံလိုက်ပါ ။

၂ - နို့ သို့ ဒိန်ချဉ် နှစ်သက်ရာ ၁ဆနှင့် ပျားရည်၁ဆကို ရောကာ လိမ်းပေးပါ ။ ၁၀-၁၅မိနစ်ခန့်ထားပြီး ရေဆေးပေးပါ ။

၃ - သင်္ဘောသီး အမှည့်ကိုချေ၍ သန့်စင်ထားသောမျက်နှာကို လိမ်းကာ ၁၅-၂၀ မိနစ်ခန့်ထားကာ ရေကြက်သီးနွေးနဲ့ဆေးပေးပါ ။

၎ - လိမ္မော်ခွံကို ရေဆေးသန့်စင်ကာ ကြိတ်၍ ရေအနည်းငယ်ခန့်ကို အနှစ်ရရုံရောပါ ။ ထိုအနှစ်ကိုလိမ်းကာ မိနစ်၂၀-၂၅ ထားပြီး ရေဆေးပေးပါ ။

၅ - ငှက်ပျောခွံအတွင်းဘက်ကို လိုသောနေရာတွင် စက်ဝိုင်းပုံ ပွတ်ပေးကာ နာရီဝက်ခန့်ထား၍ ရေဆေးလိုက်ပါ ။

၆ - စတော်ဘယ်ရီ ၃ခုခန့်ကိုကြိတ်၍ ပျားရည်၂ဇွန်းခန့်ရောကာ လိမ်းကျံပေးပါ ။မိနစ်၂၀ထား၍ ရေနွေးနွေးနှင့်ဆေးပေးပါ ။

၇ - ရှားစောင်းလတ်ပတ် အနှစ်ကို တိုက်ရိုက်လိမ်းကျံပေးပါ ။ ရေဆေးစရာမလိုပါဘူး ။ မနေတတ်ပါက နာရီဝက်ခန့်တွင်ဆေးနိုင်ပါတယ် ။

၈ - Baking soda မုန့်ဖုတ်ဆော်ဒါကို ရေနှင့်ဆတူရောကာ လိုအပ်သောနေရာကို၂မိနစ်ခန့်ပွတ်လိမ်းပေးပြီး ၁၅-၂၀မိနစ်ခန့်ထားကာ ရေဆေးပေးပါ ။

၉ - ကြက်သွန်ဖြူ၃မွှာခန့်ကို ကြိတ်ကာ ရေအနည်းငယ်နှင့်ရော၍ ၁၀မိနစ်ခန့်စိမ်ပေးပါ ။ ရလာသော စိမ်ရည်ကို ဂွမ်းနှင့်စိမ်၍ လိုသောနေရာတွင်ကပ်ပေးပါ ။ ၁၀မိနစ်ခန့်ထားပေးပါ

၁၀ - green tea ရည်ကိုအေးအောင်ထား၍ spray ဘူးလေးထဲထည့်ကာ မျက်နှာသို့ဖြန်းပေးပါ ။ ယောင်ယမ်းမှုကိုသက်သာစေပြီး ပိုးမွှားတွေကိုလျော့ပါးစေပါတယ် ။

အထက်ပါနည်းများလုပ်ပြီးပါက အသားခြောက်တတ်လျှင် moisturizer လိမ်းပေးပါ ။

စိတ်ဖိစီးမှုကို တတ်နိုင်သလောက်လျှော့ချပါ ။ လေ့ကျင့်ခန်းပုံမှန်လုပ်ပေးခြင်းဖြင့် သွေးလှည့်ပတ်မှုကိုကောင်းမွန်အောင်လုပ်ပါ ။ လေ့ကျင့်ခန်းလုပ်ပြီးတိုင်း ရေချိုးပေးပါ ။ ချွေးတွေက ၀က်ခြံတွေကိုပိုမိုယားယံစေပါတယ် ။

ခေါင်းအုံးစွပ်များကို တစ်ပတ်တစ်ခါလျှော်ဖွပ်လဲလှယ်ပေးပါ ။ ပိုးမွှား အညစ်အကြေးများစွာ ကပ်ငြိနေပြီး ယားယံကာ ၀က်ခြံဖြစ်စေတတ်ပါတယ် ။
အိပ်ရေးဝအောင် အိပ်ပါ ။ အိပ်ရေးပျက်ခြင်းနဲ့စိတ်ဖိစီးမှု ဆက်စပ်သလို ၀က်ခြံနှင့်လည်းပတ်သတ်နေလို့ပါ ။

Omega 3 fatty acid ပါသောအစားများစားပေးပါ ။ ဆာဒင်း ၊ တူနာ စသောငါးများ ၊ အစေ့အဆန်များ ၊ အစိမ်းရောင်အရွက်ဖားဖားများမှာကြွယ်ဝစွာပါဝင်တတ်ပါတယ် ။

တစ်နေ့ကို ၂ခါထက်ပို၍ မျက်နှာမသစ်ပါနှင့် ။ မျက်နှာခြောက်စေပြီး အဆီကိုပိုထွက်စေကာ ၀က်ခြံပိုဖြစ်စေပါတယ် ။

ခေါင်းပုံမှန်လျှော်ပေးပါ ။ ဆံပင်မှအညစ်အကြေးများကြောင့်လဲ ယားယံယောင်ကိုင်းစေတတ်လို့ပါ ။

နို့ထွက်ပစ္စည်းများနှင့် သကြား ၊ အဆီတို့ကိုလျှော့စားပါ ။ အသီးအနှံ နှင့် ဟင်းသီးဟင်းရွက်ပိုစားသူက ၀က်ခြံထွက်နိုင်ခြေပိုနည်းပါတယ်တဲ့ ။

ဝက်ခြံကဘယ်လောက် အခြေအနေဆိုးလဲပေါ်မူတည်ပြီး အိမ်တွင်းလက်တကမ်းနည်းများနဲ့လဲပျောက်နိုင်သလို ၊ ဆေးသောက် ဆေးထိုးစတဲ့ ဆရာဝန်ထံပြသသင့်သော အပိုင်းများရှိပါတယ် ။ အခြေအနေပေါ်မူတည်ပြီးတော့လည်း ကုသရန်ကြာချိန်မှာ ၅လ ၆လခန့်ထိစိတ်ရှည်ပေးရပါတယ် ။

ယခုဝေမျှသော ၀က်ခြံပျောက်နည်းများမှာ တစ်နိုင်အိမ်တွင်းနည်းများသာဖြစ်ပြီး အရမ်းအခြေအနေဆိုးပါက ဆရာဝန်နှင့်တိုင်ပင်ကုသရန် တိုက်တွန်းပါရစေ ။ ပြစ်မျိုးမှဲ့မထင်သောအလှကို ပိုင်ဆိုင်နိုင်ကြပါစေ ။
www.mmcities.com
www.facebook.com/mmcities

Contact

General Inquiries

Please use this email address to contact me by email.

ceomoenaymin@mmcities.com

Connect with me