03 Aug 2016

 

မေး။ ။ ၁၀တန်းမှာရခဲ့တဲ့အမှတ်စဉ်ကိုတစ်ချက်လောက်ပြောပြပေးပါ။

ဟုတ်ကဲ့သမီးအမှတ်ပေါင်း ၅၆၂ ပါ မြန်မာစာက ၈၅၊အင်္ဂလိပ်စာက ၈၄၊ သချာင်္ ၉၉၊ဓာတုဗေဒ ၉၆၊ ရူပဗေဒ ၉၉ ၊bio ၉၉ ဖြစ်ပါတယ် ။

မေး။ ။ ညီမ ၁၀ တန်းတုန်းကဘယ်မှာသင်တန်းတွေတက်ခဲ့လဲ၊ဘယ်မှာကျူရှင်တွေတက်ခဲ့လဲ တစ်ချက်ပြောပြပေးပါအုံး။

၁၀တန်းတုန်းက ညောင်ပင်လေးဈေး စာသင်ဝိုင်းမှာတက်ခဲ့ပါတယ် 
မြန်မာစာဆိုရင်၁၀တန်းတုန်းက ဆရာမဒေါ်လွင်လွင်မော်၊ အင်္ဂလိပ်စာက ဆရာမဒေါ်သီတာဦး၊ ဆရာဦးမြတ်သူ(essay and letter) ၊ သချာင်္(၂)ကဆရာဦးအောင်မင်းသိန်း၊ ရူပဗေဒကဆရာမေ ဒ်ါဌေးဌေးနိုင်၊ ဓာတုဗေဒကဆရာဦးဘိုနီ၊ bioကတော့ ဆရာမဒေါ်တင့်တင့် ဖြစ်ပါတယ်။

မေး။ ။ ညီမဆရာဂုဏ်ထူးဦးသိန်းနိုင်မှာလဲ တက်တယ်လို့ကြားတယ် အဲ့ဒါလေးလဲတစ်ချက်ရှင်းပြပါ။

သမီး၈တန်းတုန်းက ဆရာဂုဏ်ထူးဦးသိန်းနိုင်မှာ စာစီစာကုံးသင်တန်တက်ခဲ့ပါတယ်ရှင့်။

မေး။ ။ အဲ့ဒီတော့ဒီ၁၀တန်းနဲ့ပတ်သက်ပြီးတော့ ညီမအနေနဲ့ဘယ်လိုမျိုးကြိုးစားခဲ့လဲ။

၁၀တန်းမှာဆိုရင်သမီးစာကိုပုံမှန်လုပ်ခဲ့ပါတယ် ပြီးတော့အားနည်းတဲ့ဘာသာဆိုရင်ဖိလုပ်ပြီး ၊ အားသာတဲ့ဘာသာဆိုရင်လဲအမှတ်ကို သယ်နိုင်သလောက်
သယ်နိုင်အောင်ကြိုးစားခဲ့ပါတယ်။

မေး။ ။ မြန်မာစာကနေစပြီးတော့ ဘယ်လိုတွေသင်ယူခဲ့လဲ။

မြန်မာစာဆိုရင်သဒ္ဒါတို့ဘာတို့ဆိုရင် အတိအကျရေးပြီးကျက်ပါတယ်။ ခက်ဆစ်ဆိုရင်သုံးပိုင်းလုံးကိုတစ်ခုမှမကျန်အောင်အကုန်ကျက်ခဲ့ပါတယ်။မေးခွန်းတိုဆိုရင်လဲအသေအချာလေ့ကျင့်ခဲ့ပါတယ်။ မေးခွန်းရှည်ဆိုရင်လဲကိုယ်မရေးနိုင်တဲ့အပုဒ်မျိုးဆိုရင်ကျက်ပြီးတော့ လှည့်ပြီး
မေးလာရင်ဖြေနိုင်အောင်အကုန်လုံးကိုတော့ ဖက်ထားပါတယ်။ ရေသည် မှာဆိုစကားဆက်ကို ကျက်ခဲ့ပါတယ် မေးခွန်းရှည်ကိုတော့ မကျက်ဘဲ ဖတ်ခဲ့ပါတယ်။ စာစီစာကုံးဆိုရင်၈တန်းတုန်းကလေ့ကျင့်ခဲ့ဘူးတယ်။ ၉တန်း၊ ၁၀တန်းမှာတော့ ညအိပ်ခါနီးဖတ်ဖြစ်ပါတယ်။ အင်္ဂလိပ်စာမှာဆိုရင်
ဖတ် စာအုပ်ကိုတော့ သေချာကျေညဏ်အောင် လေ့လာခဲ့ပါတယ် Essay နဲ့Letterဆိုရင် ၁ပတ် တစ်ပုဒ် ဖတ်ဖြစ်ပါတယ် ။
သချာင်္ဆိုရင်တော့သမီးအားနည်းတဲ့ဘာသာဖြစ်တဲ့မတွက်ကြောင့်ပိုပြီးလုပ်ဖြစ်ပါတယ်။ဖတ်စာအုပ်ထဲကအပုဒ်တွေတောင်မကဘူး old question ဆိုရင်ဘယ်အပုဒ်တွေကောင်းလဲ အဲ့ဒီလိုကောင်းတဲ့အပုဒ်တွေရွေးတွက်ဖြစ်ပါတယ် ။ သီဟိုရီတွေဆိုလဲဆရာသင်ပေးရင်သေချာလိုက်နားထောင်ပါတယ်။ မှားတတ်တဲ့ဟာဆိုလဲ နောက်တစ်ခါမမှားအောင်သင်ခန်းစာယူခဲ့ပါတယ်။

ဓာတုဗေဒမှာဆိုရင် ကွက်လပ်တွေမမှားအောင် note ကို သေချာ ဖတ်ခဲ့ပါတယ်။၁ ခန်းမှတော့မပယ်ခဲ့ပါဘူး ။ အကုန်ကြည့်ခဲ့ပါတယ်။တွက်စာဆိုရင်လဲ ခဏခဏ လေ့ကျင့်ဖြစ်ခဲ့ပါတယ်။ Definition တို့ဘာတို့ဆိုရင်လဲရေးကျက်ခဲ့ ပါတယ်။ equationဆိုရင်လဲမမှားအောင်လေ့ကျင့်ခဲ့ပါတယ် ။ ရူပဗေဒဆိုရင် definition ကိုရေးကျက်ခဲ့ပါတယ်။ formula တို့ တွက်ထုတ်ပုံ တို့ဆိုရင်လဲရေးကျက်ခဲ့ပါတယ် ။ ကျက်တာကတော့အလွတ်နီးပါရအောင်လို့လေ့ကျင့်ခဲ့ပါတယ် bio ဆိုရင် စာမေးပွဲတွေ ခဏခဏ ရှိတဲ့အခါကျတော့ နွေးဖြစ်ပါတယ် ။ ပုံဆိုရင် အရေး မကြီးဘူးထင်တဲ့ ပုံတောင်အနည်းဆုံး၂ခေါက်တော့ကျင့်ဖြစ်ပါတယ်။ Label တို့ဘာတို့ဆိုရင်လဲ သေချာစာရေးပြီးကျက်ခဲ့ပါတယ်။

မေး။ ။ ညီမအဲ့ဒီလိုစာကျက်တဲ့အခါမှာ အိမ်မှာကျက်ရင် Guide ခေါ်လား။ ကိုယ့်ကိုကိုယ်ဘဲ ကျက်တာလား။

သမီးမှာ guide မရှိပါဘူး ။ နိုဝင်ဘာလတုန်းကတော့ သမီးလူရေချွန်မမှီမှာစိုးလို့အဲ့ဒီတုန်းက Guide ရှိပါတယ် ။ကျန်တဲ့ဟာတော့ ကိုယ့်ဘာကိုယ် ကျက်ပါတယ်။

မေး။ ။ စာကျက်တဲ့ဟာကိုညီမကို plan ဘယ်သူဆွဲပေးလဲ။ အိမ်ကအဖေအမေတွေဆွဲပေးတာလား ကိုယ်ဘာကိုဆွဲတာလား?

သမီးဘာသမီးချပြီးကျက်တာပါ။

မေး။ ။ ညီမစာမေးပွဲဖြေတဲ့အချိန်မှာကြုံတွေ့ရတဲ့ အတွေ့အကြုံလေးပြောပြပေးပါ။

သမီးစာမေးပွဲကြီးမလာခင်ကဆိုရင်တစ်ချို့စာမေးပွဲတွေမှာဆိုရင်အမှတ်နည်းလို့ဆိုရင်အဖေအမေတွေကဖြေသိမ့်ပေးပါတယ် ။ဘယ်လိုအားပေးလဲဆိုရင် အဓိကကတော့ကိုယ်အတွက်ကတော့စာမေးပွဲကြီးကတော့အဓိကပေါ့ ။ကိုယ်မှားတဲ့ဟာကို သင်ခန်းစာယူဖို့ အားပေးခဲ့ပါတယ် ။

ဆရာ၊ဆရာမတွေကတော့ အကုန်လုံးကအားပေးခဲ့ပါတယ် ။ စာမေးပွဲရက်တွေမှာဆိုရင်အခက်တွေကတော့သိပ် မကျော်ရပါဘူး။သမီးကရှေ့မှာ စာအရ
လုပ်ထားပြီးပြီဆိုတော့အဲ့ဒီအချိန်မှာစာကျေနေပြီဆိုတော့နည်းနည်းပါးပါးဘဲ ပြန်နွေးဖြစ်တယ်။

မေး။ ။ အဲ့ဒီတော့ညီမအနေနဲ့ ၁၀တန်းစာကို ၁၀တန်းနှစ်ရောက်မှဖက်တာလား တစ်ချို့ဆိုရင် ၉တန်းနှစ်ထဲကကြိုဖက်တာရှိတယ် အဲ့ဒီလိုမျိုးရှိလာမသိဘူး။

သမီးက၉တန်းနှစ်တုန်းကတော့ကြိုမဖက်ခဲ့ပါဘူး ။ ၉တန်းစာမေးပွဲအကုန်ဖြေပြီး မတ်လကျမှစလေ့လာခဲ့တာ ။

့မေး။ ။ ညီမရည်မှန်းချက်က ဘာဆက်လုပ်မလဲမသိဘူး။?

ညီမကဆေးတက္ကသိုလ်တက်မှာပါ။ ပြီးရင်နိုင်ခြားမှာ masterဘွဲ့ယူဖို့အတွက်စကော်လားရှစ်တက်မှာ။

မေး။ ။ ညီမအနေနဲ့ညီငယ်ညီမငယ်တွေကို သူတို့တွေကိုဘာ အကြံဥာဏ်ပေးချင်လဲ။

ဟုတ်ကဲ့ ၁၀တန်းဆိုတာ ကိုယ်ရည်မှန်းထားတဲ့တက္ကသိုလ် တက်ဖို့အတွက် လေ့ကျင့်ပြီးလုပ်လို့ရပါတယ်။အဲ့ဒါကြောင့်၁၀တန်းမှာအစွမ်းကုန်ကြိုးစားစေ
ချင်ပါတယ် ။ ကံ၊ဥာဏ်၊၀ီရိယသုံးပါးစလုံးဆုံမှအောင်မြင်နိုင်တာကြောင့်ဆရာ၊ဆရာမတွေရဲ့စကားကိုနားထောင်ပါ ။ရိုရိုသေသေဆက်ဆံပါ ။မိဘဆရာသမားတွေကိုမပြစ်မှားစေပါနဲ့ ။ ပြီးရင်ဝီရိယကိုလဲကိုယ်ဘက်ကအစွမ်းကုန်စိုက်ထုတ်ပါလို့ပြောချင်ပါတယ်။

Contact

General Inquiries

Please use this email address to contact me by email.

ceomoenaymin@mmcities.com

Connect with me