03 Mar 2016

မေး ။  ။ မင်္ဂလာပါ။ ညီမ နာမည်လေး မိတ်ဆက်ပေးပါ။ 
ဖြေ ။  ။ ဟုတ်ကဲ့ရှင့်။ ညီမ နာမည် စစ်လွန်းဝတီလို့ခေါ်ပါတယ်။

မေး ။   ။ စစ်လွန်းအခုလက်ရှိ ဘာတွေလုပ်နေပါလဲ။
ဖြေ  ။  ။  စစ်လွန်းအခုလက်ရှိကတော့ mtv ရိုက်ဖို့ရှိပါတယ်။ အင်တာဗျူးတွေနဲ့ ရှိုးတွေလျှောက်ဖို့ရှိပါသည်။ 

မေး ။  ။ မော်ဒယ်ဘက်ကို ၀င်တာရော ဘယ်လောက်ကြာသွားပြီလဲ။
ဖြေ ။  ။ မော်ဒယ်ဘက်ကို ၀င်တာကတော့ တစ်နှစ်လောက်ရှိသွားပါပြီ။

မေး ။  ။ ဒီမော်ဒယ်လောကကို ဘယ်ကနေစပြီး ၀င်ဖြစ်သွားတာလဲ။ 
ဖြေ ။  ။ စစ်လွန်း Star&Model Agency ကနေပြီးတော့ စ၀င်ဖြစ်တာပါ။ 

မေး ။  ။ အဲဒီလိုလုပ်ဖြစ်တာက အိမ်ကပံ့ပိုးပေးမှုရော ရှိလား။
ဖြေ ။  ။ ဟုတ်ကဲ့ရှင့်။ အိမ်ကလည်း ပံ့ပိုးပေးပါတယ်။ သဘောလည်း ကျပါတယ်။ အခြား ကူညီပေးတဲ့သူတွေလည်း ရှိပါတယ်ရှင့်။

မေး ။  ။ အနုပညာနဲ့ ပတ်သက်ပြီး အခြားဘာသင်တန်းတွေများ ထပ်တတ်သေးလဲ။
ဖြေ ။   ။ အနုပညာနဲ့ ပတ်သက်ပြီး DJ သင်တန်းတော့ တတ်ထားပါတယ်။

မေး ။  ။ ဖက်ရှင်နဲ့ ပတ်သက်ပြီး ဘယ်လိုပုံစံဝတ်ရတာကို ပိုကြိုက်လဲ။ ကိုယ့်ဘာသာ ကိုယ့်စိတ်ကြိုက်ဝတ်တာလား။ အခြားသူရဲ့ အကြံဥာဏ်ကို ယူသေးလား။
ဖြေ ။  ။ တီရှပ်နဲ့ ဘောင်းဘီတိုကို ၀တ်ရတာပိုကြိုက်ပါတယ်။ ကိုယ့်စိတ်ကြိုက်လည်း ၀တ်တယ်။ အမေကလည်း သေချာရွေးပေးပါတယ်။

မေး ။   ။ မိတ်ကပ်ရော ကိုယ့်ဘာသာပြင်တာလား။ မိတ်ကပ်ဆရာနဲ့ပြင်တာလား။
ဖြေ။   ။ မိတ်ကပ်ဆရာနဲ့ ပြင်တာပါရှင့်။ မထက်ပါ။

မေး ။   ။ စစ်လွန်း ဒီ အနုပညာလုပ်ငန်းစ၀င်တော့ ကြုံတွေ့ရတဲ့ အခက်အခဲလေးတွေလည်း ပြောပြပါဦး။
ဖြေ။  ။ အခက်အခဲကတော့ ဒီ ဓါတ်ပုံရိုက်တာပါပဲ။ အခုထိ Post မလုပ်တတ်သေးတာပါ။ မြ၀တီ ရှုတင်မှာလည်း ခဏခဏရိုက်ဖြစ်တယ်။ ဓါတ်ပုံဆရာတွေကလည်း အမြဲတမ်းသင်ပေးတယ်။ ဒါပေမယ့် အခုထိ Post မလုပ်တတ်သေးဘူးဖြစ်နေတယ်။

မေး ။  ။ ရှေ့လျှောက်အနုပညာနဲ့ ပတ်သက်ပြီး ဘာတွေဆက်လုပ်သွားမလဲ။
ဖြေ ။  ။ ညီမရှေ့လျှောက် အနုပညာနဲ့ ပတ်သက်ပြီး မော်ဒယ်ဘက်ရယ် DJ ပိုင်းရယ်ကို အဓိကထားပြီးလုပ်သွားမှာပါ။

အခုလိုမျိုးဖြေကြားပေးတဲ့အတွက် စစ်လွန်းဝတီကို ကျေးဇူးတင်ပါတယ်။
ညီမကလည်း ကျေးဇူးတင်ပါတယ်။

Contact

General Inquiries

Please use this email address to contact me by email.

ceomoenaymin@mmcities.com

Connect with me