03 Aug 2016
ထူးခြားတာကတော့ Bat Man ကကိုယ်ခံပညာ ပိုမိုကျွမ်းကျင်ပါတယ်။ ဒီမှာ အဓိကပြောချင်တာကတော့ သိပ္ပံပညာ အခြေခံပါ။  ရှပ်ရှင်တွေထဲမှာ ပြသည့်  အတိုင်းဆို ထို Hero ၂ ယောက်လုံးက Billionaire များဖြစ်
ကြပါတယ်။ မတူညီတာက Bat Man က သူများအပေါ် နည်းပညာ နှင့် မှီခိုနေရပါတယ်။ Iron Man ကတော့ ကိုယ်တိုင် နည်းပညာကို စွန့်ဦး တီထွင်ပါတယ်။ နည်းပညာ အပိုင်းတွေမှာ မိမိတီထွင်မူနှင့် စက်ရုပ်တွေကို 
အဓိကအားထားပြီး တစ်စ နှင့် တစ်စ ပိုပိုတိုးတက်လာပါတယ်။ အဘိဓမ္မာထဲမှ ကောက်နုတ်ချက်အရ အရာရာကို ကိုယ်ကိုတိုင် တက်ကျွမ်းသိ နားလည်ပြီးမှ ပြုလုပ်လျှင် ပို၍အောင်မြင်နိုင်ပါတယ်။ ဒါကြောင့် အမြဲတိုးတက်အောင်မြင်ဖို့  Iron  Man ကို သင်ခန်းစာ ယူပြီး  ကိုယ်ကိုတိုင် မိမိပြုလုပ်နေသော အရာ၊ လုပ်ငန်း ၊ Profession ကို အမြဲလေ့လာ စဉ်ဆက်မပြတ် သင်ယူပြီး  Update ပြုလုပ် ပေးပါ။ 3L , Life Long Learning ပြုလုပ်ပါ။ လေ့လာသင်ယူမှု ရပ်တန့်သည့်နေ့က သင် ကျရှုံးတဲ့ နေ့ပါပဲ။ မိမိနိုင်ငံအတွက်၊ လူမျိုးအတွက် အမြဲအရေးပါပြီး Capacity ပြည့်ဝသော Human (လူသားတစ်ယောက်) ပြုလုပ်ရပါမယ်။ Human Resources သည် မြန်မာနိုင်ငံ၏ အရေးကြီးဆုံး Resources (သယံဇာတ) ဖြစ်ပါတယ်။ တွင်းထွက်ပစ္စည်းများသည် ကုန်နိုင်သော်လည်း Human Resources များသည် အစဉ်အမြဲ ပွားယူနိုင်ပါသည်။ 
Life Long Learning ဆိုသည်မှာ စဉ်ဆက်မပြတ် အမြဲ လေ့လာသင်ယူခြင်း ဖြစ်သည်။ အကောင်းမွန်ဆုံး ဥပမာအနေနဲ့ ပြရမယ်ဆိုလျှင် IT Product တွေ Software application တွေက သက်သေခံပါသည်။ လူသုံးအများဆုံးဖြစ်သည့် iPhone နှင့် Samsaung တို့သည်ပင်လျှင် တစ်နှစ်ထက်တစ်နှစ် ပိုပိုကောင်းလာကြသည်။ ဒါသည် စဉ်ဆက်မပြတ် လေ့လာမှု သက်ဆိုင်ရာ ကုမ္ပဏီတို့၏ ကြိုးစားအားထုတ်မှု၏ အရင်းအမြစ်ကြောင့် ဖြစ်လေသည်။ ထို့အတူ Software (သို့) application (သို့) Ul (သို့) Framework များသည်ပင်လျှင် စဉ်ဆက်မပျက် UPdate လုပ်နေရပြီး Window XP, Window 7,8,10 စသည်တို့ ဖြစ်လာပြီး iOS 7,9 နှင့် Android Version 4.0.1 မှ ယခု 6.0.1 အထိ ဖြစ်လာပြီး ပိုမိုကောင်းမွန်လာသည် မဟုတ်ပါလော။ Software များနှင့်ပဲ ရှင်းပြရမည်ဆိုလျှင် Update လုပ်တိုင်း ကောင်းသလို ဖြစ်ပေမယ့် တစ်ချို့ Version များက Error ဖြစ်တတ်သည်။ အထူးသဖြင့် iOs application နှင့် Zapya အပါအ၀င် နာမည်ကြီး ကုမ္ပဏီ အများစုတွင်လည်း Bug error ရှိပါသည်။ ထို့အတူ လူသားတို့သည်လည်း စဉ်ဆက်မပြတ် Update လုပ်ပြီး မိမိနဂိုမူလ ကောင်းမွန်သော စိတ်ထားကိုလည်း သတိပြုရမည်။ အများစုသည် စာတော်လျှင် ဂုဏ်မောက်ကြသည်။ ပညာတတ်လေ ကလန်ကဆန်ဖြစ်လေ ဖြစ်တတ်ပါသည်။ မိမိဘ၀အတွက် ကျေးဇူးရှိဖူးသူ မိဘ၊ ဆရာသမားများအားလုံးကို အစဉ်အမြဲ နှလုံးသွင်းလျှက် မိမိလုပ်ငန်း၊ မိမိနယ်ပယ်များအတွက် အစဉ်ဂရုစိုက် တိုးတက်အောင် အားထုတ်နိုင်ကြပါစေ။
Contact
General Inquiries
Please use this email address to contact me by email.
ceomoenaymin@mmcities.com
Connect with me