13 Sep 2016

 

ဆရာမင်္ဂလာပါ။ ဆရာ Laser World ကုမ္ပဏီ M.D ဦးအောင်ကြူဟိန်ုးလို့ သိရပါတယ်။ ပရိသတ်ကို မိတ်ဆက်ပေးပါဦး။

ဖြေ။   ။ မင်္ဂလာပါ။ ကျွန်တော် ဦးအောင်ကြူဟိန်းပါ။ Laser World ကုမ္ပဏီကို ၁၉၉၇ နိုဝင်ဘာ ၂၉ ရက်နေ့မှာ စပြီး တည်ထောင်ပါတယ်။ ကျွန်တော် စပြီး မထောင်ခင်က ကျွန်တော်စိတ်ဝင်စားတဲ့ နယ်ပယ်နှစ်ခုရှိပါတယ်။ တစ်ခုကတော့ 

ကွန်ပျူတာ၊ နောက်တစ်ခုကတော့ ဒီ မီဒီယာပေါ့။ အဲဒီလုပ်ငန်းနှစ်ခုကို စိတ်ဝင်စားတဲ့အတွက်  ၁၉၉၅၊ ၉၆ လောက်ကတည်းက ကျွန်တော် IT Solution တွေ အနည်းအကျဉ်း လုပ်တယ်။ နောက်ပိုင်း ကျွန်တော် မီဒီယာလုပ်ငန်းတွေနဲ့ 

ပတ်သက်လို့လည်း video production ၊ advertising တွေ လုပ်တယ်။ ၁၉၉၇ မှ ဒီ Laser world ကုမ္ပဏီအနေနဲ့ စတင်တည်ထောင်ဖြစ်ခဲ့ပြီး ဒီနေ့အထိ ဆက်လက် တည် ရှိနေပါတယ်။

မေး ။   ။ ဆရာ ဒီကုမ္ပဏီ တည်ထောင်ခဲ့စဉ်က ဘယ်လို procedure တွေ လုပ်မယ်ဆိုပြီး စတင် တည်ထောင်ဖြစ်ခဲ့လဲ။

ဖြေ ။   ။ ကျွန်တော် ကုမ္ပဏီတည်ထောင်တဲ့ အချိန်တုန်းက ကျွန်တော်တို့ နိုင်ငံမှာက ဒီ လုပ်ငန်းနဲ့ ပတ်သက်လို့ အစဖြစ်နေတယ်။ အစဖြစ်တဲ့အတွက် ကျွန်တော်တို့က Company Register လုပ်တဲ့အခါမှာ Aims and Objectives 

ပေးရတာပေါ့။ objectives ပေးတဲ့အခါမှာ ကျွန်တော်တို့က လေးခု ရွေးခွင့်ရှိတာပေါ့။ လေးခုရွေးခွင့်ရှိတဲ့အခါမှာ ကျွန်တော်က ဒီ Electronic နဲ့ အိုင်တီ နည်းပညာလုပ်ငန်း ရည်ရွယ်ချက်ကို ကျွန်တော်ထည့်ရွေးထားတယ်။ နောက်တစ်ခါ 

ကျွန်တော်တို့ ဒီ ဖျော်ဖြေရေး မီဒီယာနဲ့ ပတ်သက်တဲ့ Agenda ထည့်ရေးထားတယ်။ နောက် ရောင်းဝယ်ရေးနဲ့ ပတ်သက်တဲ့ Agenda  ထည့်ရေးထားတယ်။ ဒါပေမဲ့ ဒီနေ့ ကျွန်တော်တို့ ကုမ္ပဏီ အဓိက သွားနေတဲ့ trend ကတော့ ဒီ 

Entertaiment ၊ ( Edutaiment ) လုပ်ပေးနိုင်တဲ့ မီဒီယာတစ်ခု၊ နောက်တစ်ခုက အိုင်တီ ၀န်ဆောင်မှုလုပ်ပေးနိုင်တဲ့ Service ကုမ္ပဏီ တစ်ခုအနေနဲ့ တည်ထောင်ထားတာပေါ့လေ။ အခုထိလည်း ဒီလုပ်ငန်းတွေပဲ လုပ်နေပါတယ်။ 

မေး ။    ။ အဲဒီလုပ်ငန်းတွေကို ဆရာ နည်းနည်းအသေးစိတ်လေး ပြန်ရှင်းပြပါလား။

ဖြေ ။  ။ အိုင်တီနဲ့ ပတ်သက်လို့ကတော့ အိုင်တီနည်းပညာဖွံ့ဖြိုးရေး မြန်မာနိုင်ငံမှာ စလုပ်တဲ့အချိန်တုန်းက ကျွန်တော်က ကွန်ပျူတာနဲ့ ပတ်သက်လို့ စာအုပ်စာဆောင်တွေ ထုတ်ဝေခဲ့တယ်။ ကွန်ပျူတာ အသုံးချ နည်းလမ်းညွှန်ဆိုပြီးတော့ 

၉၅ ခုနှစ်လောက်မှာ ကျွန်တော်စပြီး ထုတ်ဝေခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ကွန်ပျူတာ စာအုပ်နဲ့ ပတ်သက်ပြီး ပထမဆုံး ထုတ်ဝေတဲ့ စာအုပ်ဖြစ်တယ်။ မူရင်းကလောင်ရှင်ကတော့ ကွန်ပျူတာ ၀င်းနိုင် ပါ။ ကျွန်တော်ရဲ့ ဆရာပါ။ 

ကွန်ပျူတာတက္ကသိုလ်မှာ ကျွန်တော့်ဆရာ ဖြစ်ခဲ့ပါတယ်။ အဲဒါကို ကျွန်တော်က ဒီစာအုပ်ကို organize လုပ်ပြီးတော့ ပြန်ထုတ်ဝေတယ်။ စာပေလောက ကနေ ဖြန့်တယ်။ နောက်အဲဒါကို အခြေခံပြီးတော့ ကွန်ပျူတာဂျာနယ် 

ထုတ်လာတယ်။ ကွန်ပျူတာ သတင်းလွှာပေါ့နော်။ အဲဒါထုတ်ပြီးတဲ့ နောက်မှာ ကျွန်တော် ဒီ ကွန်ပျူတာနည်းပညာဖွံ့ဖြိုးရေးအတွက် ဟောပြောပွဲတွေ တော်တော်များများ လုပ်ခဲ့ တယ်။ အဲဒီနောက်မှာ ကျွန်တော် 

ကွန်ပျူတာအသင်းဖြစ်မြောက်ရေး လုပ်ငန်းတွေ ၀ိုင်းလုပ်တယ်။ ကွန်ပျူတာ နည်းပညာပြပွဲတွေ ကျွန်တော် စလုပ်တယ်။ လုပ်ပြီးတော့ ဒီ အိုင်တီနယ်ပယ်ထဲမှာပဲ ကျွန်တော် ဆက်ရှိနေခဲ့ တယ်။ အခုထိလည်း အိုင်တီလုပ်ငန်းတွေ 

ကျွန်တော် ဆက်လုပ်နေတယ်။ မီဒီယာနဲ့ ပတ်သက်လို့ကတော့ ဒါက ကျွန်တော့်ရဲ့ မူလ၀ါသနာဖြစ်နေတဲ့အတွက် ၉၇ ခုနှစ် လောက်မှာ မြန်မာနိုင်ငံက advertisement တွေ တော်တော်များများ ကျယ်ကျယ်ပြန့်ပြန့် လူတွေ 

စိတ်ဝင်စားလာတဲ့အခါ ကျွန်တော်တို့ ဒီ advertisement တွေ ရိုက်ကူးတာတို့၊ MTV ၊Story တွေ ရိုက်ကူးတာတို့ ဆောင်ရွက်တယ်။ နောက်ပိုင်း ၂၀၀၀ ခုနှစ် မှာ city fm စပြီးတော့ တည်ထောင်တဲ့အခါ ကျွန်တော်တို့ မီဒီယာထဲကို 

ပိုပြီးတော့ ရောက်လာတယ်။ အဲဒီအချိန်ကစပြီး Broadcast Media တွေမှာ Contact Supplier အနေနဲ့ အခုထိ ဆောင်ရွက်လာခဲ့တယ်။ အဓိက ကျွန်တော်တို့ရဲ့ trend က မီဒီယာနဲ့ အခုနပြောတဲ့ အိုင်တီပေါ့နော်။ နောက် trading နဲ့ 

ပတ်သက်တဲ့ လုပ်ငန်း အချို့လည်း ရှိပါတယ်။

မေး ။   ။ ဟုတ်ကဲ့ ဆရာ။ trading နဲ့ ပတ်သက်ပြီးတော့လည်း ထပ်ပြောပြပါဦး။

ဖြေ ။   ။ trading ကတော့ ကျွန်တော့် အမျိုးသမီးက စလုပ်တာပေါ့လေ။ trading ကုမ္ပဏီကို စပြီးတော့ ဖွဲ့ပြီးတဲ့နောက်မှာ ကျွန်တော့် အမျိုးသမီးက ဒီ တရုတ်နဲ့ ကုန်သွယ်ရေးလုပ်ငန်းတွေကို လုပ်ကြတာပေါ့။ အဓိက က LED 
 နဲ့ Electronic တွေကို ကျွန်တော်တို့က တင်သွင်းတယ်။ အခုထိလည်း ကျွန်တော်တို့က Retail Market ထိရောက်မယ့် Distribute လုပ်နေတယ်။ နောက်တစ်ခုက GEMS ပေါ့။ ကျွန်တော်တို့ဆီက ကျောက်မျက်နဲ့ ပတ်သက်တဲ့ 

ကျောက်မျက် ဖန်စီ ပေါ့။ ကျောက်မျက် အကာတွေနဲ့ ကျောက်ပန်းချီကားတွေ ကျွန်တော်တို့ဆီမှာ လုပ်တယ်။ အဲဒါတွေကို ကျွန်တော်တို့က တရုတ်ကို Export ပြန်လုပ်တယ်။ အဲဒါတွေကတော့ ကျွန်တော်တို့ အခုအချိန်ထိ 

လုပ်နေပါတယ်။ 

မေး ။  ။ အခုနက ဆရာပြောတဲ့အထဲမှာ City FM ဆိုတဲ့ Mention လေးပါသွားတယ်။ Media နဲ့ ပတ်သက်ပြီးတော့ advertising ဆိုတာ ဒီ ဘေဘုတ်တွေ လုပ်တာလား။ ဒါမှမဟုတ် ဒီ City FM တစ်ခုတည်း အတွက်ပဲ broadcasting 

လုပ်တာလား။ အခြားရော ဘာတွေလုပ်သေးလဲ အဲဒါတွေ သိချင်ပါသေးတယ်။

ဖြေ ။  ။ မီဒီယာနဲ့ ပတ်သက်ပြီးတော့ ၁၉၉၆ လောက်မှာ Newsletter ထုတ်တာကနေ စခဲ့တယ်။ အဲဒါထုတ်ပြီးနောက်မှာ ဒီ advertisement တွေကို ကျွန်တော်တို့က ရိုက်ပေးတယ်။ ဒါ ဒီကြော်ငြာလုပ်ငန်းတွေ အောင်မြင်နေတဲ့ အချိန် 

လူတွေစိတ်ဝင်စားနေတဲ့ အချိန်ပေါ့လေ။ ကျွန်တော်တို့ဆီကနေ ကြော်ငြာတော် တော်များများ ရိုက်ကူးပေးခဲ့တာတွေရှိတယ်။ နောက်မီဒီယာအနေနဲ့  City FM ကို ၂၀၀၂ လောက်မှာ စတည် ထောင်တော့ ကျွန်တော်တို့ဆီကနေ 

ထုတ်လွှင့်မှုလေးတွေ အခုအချိန်ထိ လုပ်နေတာလေးတွေ ရှိပါတယ်။ အဓိက က City FM လုပ်တဲ့အချိန်မှာ ဦးလှမြင့်ဆွေ ဦးဆောင်ပြီးတော့ ကျွန်တော်တို့ သုံးလေးဦးကနေပြီးတော့ ဂီတအကြံပေးပေါ့။ ဒီလုပ်ငန်းအောင်မြင်ဖို့အတွက် 

ကျွန်တော်တို့က အားသွန်ခွန်စိုက် ပြုလုပ်ခဲ့တယ်။ FM ရဲ့ အတွေ့အကြုံကတော့ ကျွန်တော် ၁၅ eD;yg; ရှိသွားပါပြီ။ TV နဲ့ ပတ်သက်လို့ကတော့ ၂၀၀6 မှာ ရုပ်မြင်သံကြားလုပ်ငန်းတွေ စလုပ်တယ်။ အခုဆို ကျွန်တော်တို့က 

ဆယ်နှစ်လောက် ဖြစ်သွားပြီပေါ့ ။ အခုကျွန်တော်တို့ စလုပ်နေတာက 3D animation တွေ Production စလုပ်နေပါပြီ။ ဒါကို ကျွန်တော်တို့က local market ကနေပြီးတော့ International အထိ သွားဖို့ ကြိုးစားနေပါတယ်။ 

မေး ။    ။ 3D animation ကျတော့ အိုင်တီနဲ့ တွဲလုပ်ရတာလား။

ဖြေ ။    ။ ဟုတ်ပါတယ်။ ကျွန်တော် ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်လောက်က  ကိုးရီးယားက animation show တစ်ခုကို လုပ်တယ်။ လုပ်တဲ့အခါမှာ ကျွန်တော်သွားတွေ့တာက ကျွန်တော်တို့နိုင်ငံမှာ animation နဲ့ ပတ် သက်ပြီးတော့ 

ကြော်ငြာရိုက်တယ်၊ ဗီဒီယို ရိုက်တယ်ပေါ့နော်။ ဒါလောက်ပဲ အားလုံးကနားလည်ထားတာကိုး။ animation ဆိုရင် ကာတွန်းပဲလို့ ကျွန်တော်တို့က လွယ်လွယ်ကူကူ သာမာန်လောက်ပဲ သိထားကြတယ်။ ဒါပေမဲ့ ဒီ ကိုးရီးယား ACE ပွဲကို 

သွားတတ်တဲ့အခါမှာ သူက အဓိက animation production တွေ အဓိကပြတာ။ ပြတဲ့အခါမှာ နိုင်ငံတကာက လာပြကြတယ်။ ကိုးရီးယားကတော့ အများဆုံးပြတာပေါ့နော်။ အဲဒီမှာ ကျွန်တော် အဲဒီမားကတ်က 

တော်တော်ကြီးမှန်းသိလိုက်ရတယ်။ သန်းနဲ့ ချီပြီးတော့ အရောင်း အ၀ယ်ဖြစ်တယ်။ ဘာလို့လဲဆိုတော့ သူက ( Content) တစ်ခုရဲ့ owner က Fully Copyright သူ့မှာ ရှိတယ်။ actor တွေ အားလုံးရဲ့ ကာရိုက်တာကလည်း သူ့မှာရှိတယ်။ 

အဲဒီမှာ ကျွန်တော်စဉ်းစားတာက ငါတို့နိုင်ငံမှာ ဒီ animation နဲ့ ပတ်သက်လို့ သာမာန်ကြော်ငြာလောက်ပဲ စဉ်းစားကြတယ်။ လုပ်နေကြတယ်။ ဒီလို မားကတ် အကြီးကြီး ရှိမှန်း ငါတို့ မသိဘူး။ ဒါဟာ ငါတို့လုပ်သင့်တယ်ဆိုပြီး 

စဉ်းစားလိုက်တယ်။ ဂျာမနီက production လုပ်တဲ့ ကုမ္ပဏီတစ်ခုရဲ့ ပိုင်ရှင်က ကျွန်တော့်ကို မင်းတို့နိုင်ငံမှာ အဲဒါကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ ပီပီပြင်ပြင် လုပ်နိုင်တဲ့သူ မရှိသေးဘူးလားလို့မေးတယ်။ မရှိသေးဘူး တို့နိုင်ငံမှာ 3D animation 

ကို  special effect လောက်ပဲ သုံးတာ။ ကြော်ငြာတွေလောက်ပဲ သုံးတာလို့ပြောတော့ သူက မဟုတ်သေးဘူး။ မားကတ်က world မားကတ်မှာ အကြီးကြီးရှိတယ်။ အခုဆိုရင် ဟောလီးဝုဒ်မှာကအစ animation ဇာတ်လမ်းတွေ အများကြီး 

ရိုက်နေပြီ။ အင်မတန်အောင်မြင်သွားတဲ့ minion ဆိုရင် အားလုံးသိမှာပါ။ အဲဒီကားဆိုရင် ရုံပြည့် ရုံလျှံ အားပေးကြတယ်။ အဲဒါလည်း animation ပဲ။ အဲဒီဟာကို copy right  မြန်မာနိုင်ငံက ဒေါ်လာများစွာ ၀ယ်ယူပြီးမှ ပြခွင့်ရတာ။ ဒါက 

one time production ပဲ။ ဒါပေမဲ့ Investment အနေနဲ့ time duration (အချိန် အကြာကြီး) ပေးရတာပေါ့။ သို့သော် တကယ့်တကယ် ပြန်လည်ရရှိတဲ့ အကျိုးအမြတ်က infinity ပဲ။ ကောင်းရင်ကောင်းသလောက်ကို အကျိုးအမြတ်တွေ 

တောက်လျောက်ရနေမှာ။ ဘာလို့လည်းဆိုတော့ နိုင်ငံတကာက ကြိုက်ရင် ကြိုက်တဲ့နိုင်ငံက ၀ယ်နေမှာပဲလေ။ ဒါကြောင့် ကျွန်တော်တို့ဆီကနေပြီးတော့ ပြီးခဲ့တဲ့နှစ်က စပြီးတော့ ပြင်ဆင်ခဲ့တာ ဒီနှစ်မှာ ပြီးခဲ့တဲ့အပတ်က ၅၃ စက္ကန့်စာ 

ပြီးနေပါပြီ။ အဲဒါကို ကျွန်တော်တို့က မကြာခင် ပြည်သူလုထုကို  3D Cinima တစ်ခုမှာ ကျွန်တော်ချပြဖို့ ကြိုးစားနေပါတယ်။ အဲဒါလည်း Laser World animation studio အနေနဲ့ပဲ Production လုပ်ထားတာပါ။ 

မေး ။   ။ 3D အပြင် အိုင်တီနဲ့ ပတ်သက်ပြီး အခြားဘာတွေများ လုပ်သေးလဲ။

ဖြေ ။    ။ လက်ရှိ ကျွန်တော်တို့ လုပ်နေတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရတွေမှာ e-Government ဆိုပြီး ကျွန်တော်တို့ လုပ်တယ်။ ကျွန်တော်တို့ ရှမ်းမှာ ဆိုရင် ၂၀၁၁ ခုနှစ်ကတည်းက ကျွန်တော်တို့ အတည်ပြု ပေးနိုင်ဖို့ website  

တစ်ခု တည်ထောင်တယ်။ ဒေတာစင်တာ တစ်ခု တည်ထောင်တယ်။ website လုပ်ပေးပြီး တော့ ကျွန်တော်တို့က ဒါ အစိုးရသစ်လက်ထက်မှာ e-process တွေ လုပ်သင့်တယ်ထင်ပြီး ကျွန်တော်တို့ ကိုယ်တိုင်လည်း တွန်းအားပေးတယ်။ 

ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ဒီ အိုင်တီကို စိတ်ဝင်စားတဲ့ အတွက် e-government smart city တွေ ဖြစ်လာနိုင်ဖို့ smart government တွေ ဖြစ်လာနိုင်ဖို့ ကျွန်တော်တို့ က တွန်းအားပေးချင်တယ်။ လုပ်ချင်တဲ့အတွက် ၂၀၁၁ 

မှာ ကျွန်တော် ရှမ်းပြည်နယ် ၀န်ကြီးချုပ်နဲ့ ကျွန်တော် awmifBuD;မှာ သွားတွေ့ ရှင်းပြတယ်။ အရင်ဆုံး ကုမ္ပဏီ အနေနဲ့ လှူလိုက်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ သူ့ကို သုံးဖူးမှ သူ့ရဲ့ အဓိပ္ပာယ်အရသာနဲ့ 

အသုံးကျမှုနားလည်မှာကိုး။ ဒါကြောင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဆိုပြီး website တစ်ခု ကျွန်တော်လုပ်လိုက်တယ်။ ဒုတိယအနေနဲ့ ဒေတာ စင်တာတစ်ခု ဆောက်ပေးတယ်။ ပြီးတော့ G to G Data Sharing လုပ်နိုင်တဲ့ အဆင့်ထိ 

တည်ထောင်ပေးတယ်။ အဲဒီလုပ်ငန်း အောင်မြင်လာတဲ့အတွက်ကြောင့် ဒုတိယအဆင့်အနေနဲ့ ကျွန်တော် ရခိုင်ပြည်မှာဆက်လုပ်တယ်။ အခုဆိုရင် (G to G) ကို ကျွန်တော်တို့က Global Network တောင် တင်ပေးထားပြီးပြီ။ ပြီးတော့ 

ကျွန်တော်တို့ စစ်ကိုင်း အစိုးရမှာလည်း အလားတူပဲ။ Website စသုံးနေပြီ ဆိုတော့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေရဲ့ အုပ်ချုပ်မှုယန္တရားတွေကို ကျွန်တော်တို့က Operation တစ်ခုအနေနဲ့  လုပ်နိုင်အောင် ဆောင်ရွက်နေတာ။ 

ကျွန်တော်အနေနဲ့ ပြောမယ်ဆိုရင်တော့ ၅၀ ရာခိုင်နှုန်းလောက် အောင်မြင်နေပြီလို့ ကျွန်တော်ပြောချင်တယ်။ နောက် ငါးဆယ်ရာခိုင်နှုန်းက အသုံးပြုသူအပိုင်းနဲ့ (G to P) ကို  service ပေးနိုင်ဖို့ ကျွန်တော်တို့ ဆက်ပြီးတော့ 

ဆွေးနွေးနေတယ်။ တကယ်လို့ အောင်မြင်လာပြီဆိုရင်တော့ ကျွန်တော်တို့ ITအလုပ်နဲ့ပဲ ရပ်တည်သွားမှာပါ။

မေး ။  ။  trading နဲ့ပတ်သက်ပြီးတော့လည်း ပြောပြပေးပါ ဆရာ။

ဖြေ ။   ။ trading ကိုတော့ မြန်မာနိုင်ငံမှာ ကျွန်တော်တို့ ,cifတုန်းက မလုပ်ခဲ့Muဘူး။ မလုပ်ခဲ့Muဘူးဆိုတာ ကုန်ပစ္စည်းvSnfhvnfa&mif;wmနဲ့ ပတ်
သက်ပြီးတော့ မလုပ်ခဲ့Muတာပေါ့နော်။ mobile shop လေး ကျွန်တော်လုပ်တယ်။ mobile  shop တွေကို ကားနဲ့ လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက စတင် အစမ်းသဘော ပြုလုပ်ခဲ့ပါတယ်။
ဒါပေမယ့် ကျွန်တော်လိုချင်တဲ့ အခြေအနေတော့ မရောက်သေးဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့နိုင်ငံ ရဲ့ trust က ဆိုင်ကြီးကြီးနဲ့a&mif;မှ  branded ဖြစ်မှဆိုတဲ့ အတွေးအခေါ်လေးတွေ ကျန်သေးတယ်။ 
အခုနောက်ပိုင်း mobile shop တွေတော်တော်လုပ်လာတယ်။ ဟို တစ်လောက donuts တောင် mobile shop လုပ်လာတာ ကျွန်တော်တွေ့လိုက်တယ်။ ဘာကြောင့်လဲဆိုတော့
ကျွန်တော်တို့က Traffic တွေ တော်တော်များလာတယ်။ Traffic ဖြစ်တဲ့ ဧရိယာကို ကျွန်တော်တို့က ပစ္စည်းဝင်ဖို့ဆိုတာ ခက်ခဲလာတယ်။ ဒါကြောင့်မို့
ကျွန်တော်တို့ mobile shopping နဲ့ လူများတဲ့နေရာတွေ၊ လူစည်ကားတဲ့ နေရာတွေမှာ အရောင်းအ၀ယ်တွေ ပြုလုပ်လာတယ်။ 

နောက်တစ်ခုက ကျွန်တော် ကိုးရီယားကနေ Kangroo ဆိုတဲ့ ကား ပေါ်လစ်နဲ့ Home Washing Material တွေကို Authorize ယူပြီးတော့ Distribute လုပ်နေပါတယ်။ ဒါပေမဲ့ ဈေးကြီးတော့ ကျွန်တော်တို့ထင်သလောက် မရောင်းရဘူး။  

ဒါပေမဲ့ တစ်ဖြေးဖြေးတော့ ကုန်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ high value ဖြစ်တယ်။ ကျွန်တော် အခု LED Sign Board တွေ၊ LED နဲ့ ပတ်သက်တာတွေ သွင်းပါတယ်။ export market
နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ပြီးခဲ့တဲ့နှစ်တွေက တရုတ်ကို GEMS နဲ့ပတ်သက်တဲ့ ကျောက်ပန်းချီတွေ ပို့ပြီးရောင်းတယ်။ 
ကျောက်ပန်းချီဆိုတာက ကျွန်တော်တို့ နိုင်ငံမှာ အမြတ်တနိုး တန်ဖိုးသိပ်မထားကြပါဘူး။ ဒါပေမဲ့ ပြည်ပနိုင်ငံမှာတော့ တန်ဖိုးအလွန်ကြီးပါတယ်။ ကျွန်တော်
တို့နိုင်ငံမှာ မသုံးတော့တဲ့ အကာတွေက သူများ နိုင်ငံမှာ Value added product ဖြစ်တယ်ဆိုတော့ ကျွန်တော်တို့က ပွင့်ပွင့်လင်းလင်း
ပြောရရင် လုပ်သင့်တဲ့အလုပ်ဘဲ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့  ကျောက်သံပတ္တမြားရောင်းတယ်ဆိုတာက
ကျွန်တော်တို့ တွင်းထွက်ပစ္စည်း ပါသွားတယ်။ အခုဟာက ကျွန်တော်တို့ လူမသုံးတဲ့အကာ ကို value added product ဖြစ်အောင် ကျွန်တော်က လုပ်တာလေ။ အဲဒီလိုဘဲ ကျွန်တော်တို့
နိုင်ငံကို မထိခိုက်စေမဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ သယံဇာတကို မထိခိုက်နိုင်တဲ့ အလုပ်မျိုးကို ကျွန်တော်က လုပ်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့နိုင်ငံသည် ကျွန်တော်တို့အိမ်ဘဲလို့ ကျွန်တော်သက်မှတ်တယ်။ အဲဒီလို 

သက်မှတ်တဲ့ အတွက်ကြောင့် ကိုယ်အိမ်ထဲကကျွန်တော် ဘာမှအပါမခံနိုင်ဘူး။ 

အဲဒီအတွက်ကြောင့် ပိုက်ဆံရမယ် ဆိုတိုင်း၊ ချမ်းသာမယ် ဆိုတိုင်း ကျွန်တော် မလုပ်ဘူး။ ဒီအသက်အရွယ်
အထိလဲ ကျွန်တော် မလုပ်ဘူး။ စိတ်လဲမ၀င်စားဘူး။ အဲဒီတော့ ကျွန်တော်ရောက်ဘူးတဲ့ နိုင်ငံတွေ တော်တော်များများမှာ သူတို့ရဲ့xkwfကုန်တွေနဲ့ သူတို့
နိုင်ငံအတွက် စီးပွားရှာတယ်။ သူတို့ o,HZmwပစ္စည်းကို ထုတ်မရောင်းဘူး။ သူတို့ရဲ့အတတ်ပညာနဲ့ သူတို့ဆီမှာ အသုံးမ၀င်တဲ့ပစ္စည်းကို volue added ဖြစ်အောင်လုပ်ပြီးတော့ ပြည်ပဈေးကွက်ကိုယူရတယ်။
ဒီလိုသာ ဖြစ်လာမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံက ခPလေးအတွင်းမှာ တိုးတကသွားမှာ။ ဘာကြောင့်လဲဆိုတော့ သယံဇာတ ရောင်းတယ်ဆိုတာက အိမ်တစ်အိမ်မှာရှိတဲ့ ကိုယ့် လက်ဝတ်လက်စားတွေ ထုတ်ရောင်းသလိုပဲ။ အကျိုးအမြတ် 

ရတာမဟုတ်ဘူး။ ကုန်သွားတာ။ အဲဒီ အကျိုးအမြတ်တွေ မရောင်းဘဲနဲ့ ကျွန်တော်တို့ ခုနက လက်မှုပစ္စည်းတွေ၊ ကျောက်အကာတွေကို ကျွန်တော်တို့ ပန်းချီလုပ်ရောင်းသလိုမျိုးပဲ လုပ်သင့်ပါတယ်။အလားတူပဲ ကျွန်တော်တို့ recycle 

ပစ္စည်းတွေ ကို အသုံးဝင်ပစ္စည်းများ ဖြစ်အောင် ပြုလုပ်ဖို့ စဉ်းစားဖူးတာရှိတယ်။ နောက်တခါ ကျွန်တော်တို့ လက်မူပစ္စည်း တွေအခုဆိုလျှင် animation Product တွေကို ကျွန်တော်က Export market အထိ သွားမှာပါ။ ဒါကို 

ပြုလုပ်နေတာ နှစ်နှစ် ရှိပါပြီ။ လုပ်တာ ကုန်ကျစားရိတ်တော့ တော်တော်များပါတယ်။ သို့သော် ကျွန်တော် ကျေကျေနပ်နပ်ကြီး ဆက်လုပ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဆီမှာ animation လုပ်တဲ့အတွက် 

လျှပ်စစ်မီးသုံးတယ် မီးတာခကို နိုင်ငံတော်ကိုပေးရတယ်။ နိုင်ငံတော် အတွက် အကျိုးယုတ်စရာမရှိဘူး ။ ကျွန်တော် animation editor တွေခေါ်တယ်။ သူတို့အလုပ်အကိုင် အခွင့်အလမ်းရတယ်။ သူတို့အကျိုးယုတ်စရာမလိုဘူး။ 

ကျွန်တော့်ဘက်ကကျွန်တော်တို့နိုင်ငံထဲ က ကျွန်တော်တို့ကုမ္ဗဏီထဲကဘာမှပါမသွားဘူး။ ကျွန်တော်တို့ရဲ့ ထွက်ကုန်ကို နိုင်ငံခြားဒေါ်လာသန်းနဲ့ချီပြီးတော့ ရောင်းလို့ရအောင်ကျွန်တော် ကြိုးစားမယ်။ ဒါပတ်ဝန်းကျင်ကကြည့်မယ်ဆိုရင်
ရီစရာပေါ့နော်။ ဥပမာ အားလုံးလက်ခံထားတဲ့ ဆန်ကိုသွားရောင်းမယ်၊ သစ်သွားရောင်းမယ် ဒါဆို ချက်ချင်းပိုက်ဆံရတယ်။ အားလုံးလက်ခံထားတဲ့ ပဲတွေရောင်းမယ် ဒါတွေဟာ ဖြစ်နိုင်တာဘဲလေ ။ ဒါပေမဲ့ အဲ့ဒီဟာတွေက 

ပြည်တွင်းစားသောက် ဖို့လည်း လိုသေးတာပေါ့။

ဒါကြောင့်မို့လို့ ကျွန်တော်တို့ပိုက်ဆံရတာကိုဘဲ ကြည့်လိုမရဘူး။ အခုလို ကျွန်တော်တို့က ထုတ်ကုန်တွေ ကိုယ်တိုင် ထုတ်လုပ်တဲ့ ထုတ်ကုန်တွေ ကိုယ်နိုင်ငံအတွက်၊ ကိုယ့်ကုမ္ဗဏီအတွက်၊ကိုယ့် ပတ်ဝန်းကျင်အတွက်ပါ  မနစ်နာတဲ့ 

xkwfကုန်တွေ ကျွန်တော်တို့အားလုံးxkwfရမယ်။ ဒါ ကျွန်တော်ရဲ့ အနာဂတ် ရည်မှန်းချက်က အဲဒီလို ကိုယ့်အိတ်ထဲက ပါမသွားတဲ့ ကိုယ်ရဲ့ အတွင်းပစ္စည်းတွေ ထုတ်ချရောင်းစရာမလိုတဲ့
 ထုတ်ကုန်မျိုးတွေ ကျွန်တော် လုပ်မယ်။ ကျွန်တော်တို့အရင်တုန်းက  ကုမ္ပဏီလောကမှာ သုံးတဲ့ တိုနာတွေ ၊ ink catridge တွေကို ကျွန်တော်တို့ နိုင်ငံက လူတွေကို မှင်တွေကို Refill လုပ်ပြီး သုံးရကောင်းမှန်း,cifuမသိတော့ 

တစ်ခါoHk;ပြီး လွှင့်ပစ်ကြတယ်။ အဲဒါကို ကျွန်တော် အကုန်စုပြီးxdkif;ကို ရောင်းပစ်တယ်။

အဲဒီလိုဟာမျိုးကို ကျွန်တော်တို့စဉ်းစားရမှာပေါ့။အဲ့ဒီတော့ ပြောချင်တာက ကျွန်တော်တို့နိုင်ငံရဲ့ လူငယ်တွေအားလုံး ခေါင်းထဲမှာ ရှိသင့်တာက ကိုယ်ရဲ့ရှိတဲ့ ပစ္စည်းထုတ်ရောင်းပြီးတော့ စီးပွားရေးလုပ်တာထက်မိမိရဲ့ အတက်ပညာ 

မိမိရဲ့ဝန်ဆောင်မူ မိမိရဲ့ကြိုးစားအားထုတ်မှုကနေ ထွတ်လာတဲ့ထုတ်ကုန်တွေနဲ့ Export လုပ်သင့်တယ်လို့ ထင်တယ်။ အဲဒါကြောင့်မို့လို့ ကျွန်တော်ခုနက Future Plan တွေဆွဲပြီးတော့ ကျွန်တော်BudK;pm;နေတာပါ။ 

ဟုတ်ကဲ့ အခုလို ပြည့်ပြည့်စုံစုံ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
video ကို ဤ Link တွင် ကြည့်ရှုနိုင်ပါသည်။ https://www.youtube.com/watch?v=UvUim57muBM

Contact

General Inquiries

Please use this email address to contact me by email.

ceomoenaymin@mmcities.com

Connect with me